ဖားတွေက မြွေကိုတက်စီးနေသည့် ထူးဆန်းသောရုပ်သံ
02 Jan 2019 2,674 Views

သြစတြေးလျနိုင်ငံတွင် အရှည် ၃ ပေခွဲခန့်ရှိသော စပါးကြီးမြွေတစ်ကောင်၏ ကျောပေါ်သို့ ဖားပြုတ်များ လိုက်ပါတက်စီးနေသည့် ရုပ်သံက ကြည့်ရှုမိသူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။

ဖား၊ ဖားပြုတ်တို့ဟာ မြွေတွေ သိပ်ကြိုက်တဲ့ အစာဖြစ်ပေမယ့် ယခုရုပ်သံမှာတော့ မြွေက ဖားပြုတ်တွေကို ရန်မပြုသလို ဖားပြုတ်တွေကလည်း မြွေကို မကြောက်မရွံ့ တစ်ကောင်ပြီးတစ်ကောင် ကျောပေါ်ခုန်တက်ကာ လိုက်စီးနေကြတာကို တွေ့ခဲ့ရပါတယ်။
သြစတြေးလျားနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ Kununurra မြို့မှာ လက်တလော မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြွေနဲ့ဖားတွေဟာ ရေဘေးကို ရှောင်ပြေးလာတဲ့သတ္တဝါတွေ ဖြစ်ဟန်တူတယ်လို့ ပညာရှင်တွေက ဆွေးနွေးထားပါတယ်။

ဖားတွေဟာ ရေဘေးကနေလွတ်ဖို့ အတူတူကူးပြေးနေတဲ့ မြွေရဲ့ ကျောပေါ်ကနေ လိုက်စီးလားကြဟန်တူပြီး အတော်ဉာဏ်ကောင်းတဲ့ ဖားတွေပဲလို့ အွန်းလိုင်းသုံးသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။
မည်သို့ပင်ဖြစ်စေ အဆိုပါ မြင်ကွင်းမှာ အင်မတန်မှမြင်ရခဲ့သော ထူးဆန်းတဲ့ မြင်ကွင်းဖြစ်တာကြောင့် လတ်တလောမှာ ကြည့်ရှုဝေဖန်သူတွေများပြားနေပါတယ်။








