ဂျက်ကီချမ်း၏ ချစ်တင်းနှောခန်းကြောင့် အီရန်ရုပ်သံဌါန၏ အကြီးအကဲ အလုပ်ပြုတ် (ရုပ်သံ)
02 Jan 2019 2,869 Views

အီရန်နိုင်ငံတွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသော ဂျက်ကီးချန်း၏ ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပြည့်တန်ဆာတစ်ဦးနှင့် ဂျက်ကီချန်းတို့ ချစ်တင်းနှောနေသည့်အခန်းအား ဆင်ဆာမဖြတ်ပဲ ထုတ်လွှင့်ခဲ့မှုကြောင်း ရုပ်သံဌါနမှ အကြီးအကဲဖြစ်သူ ချက်ချင်းရာထူးမှ ရပ်စဲကာ အလုပ်ထုတ်ခံခဲ့ရသည်။

IRIB ရုပ်သံ၏ အကြီးအကဲမှာ အဆိုပါဇာတ်လမ်း ထုတ်လွှင့်ပြီး ချက်ခြင်းဆိုသလို အလုပ်ထုတ်ခံခဲ့ရခြင်းဖြစ်သည်။ အီရန်နိုင်ငံ၏ ရုပ်သံလွှင့်ဥပဒေနဲ့ အလွန်အမင်းငြိစွန်းနေသည့် အဆိုပါ ချစ်တင်းနှောခန်းကို ရုပ်သံမှာကြည့်လိုက်ရတဲ့ အီရန်ပြည်သူတိုင်း ထိတ်လန့်ခဲ့ကြရသည်။
အီရန် ရုပ်သံဥပဒေတွင် အမျိုးသားနဲ့ အမျိုးသမီး လက်ဆွဲနှုတ်ဆက်ခန်းကိုတောင် ပြသခွင့်မပြုထားသည့်အတွက် ချစ်တင်းနှောနေသည့် ပြကွက်မှာ ဆိုးရွားစွာ ချိုးဖောက်သလို ဖြစ်ခဲ့ခြင်းဖြစ်သည်။
၂၀၀၉ ခုနှစ်က ရိုက်ကူးခဲ့သော “Shinjuku Incident” ကို အီရန်ရုပ်သံတွင် ထုတ်လွှင့်စဉ် အဆိုပါအခန်းကို ဆင်ဆာမဖြတ်မိခဲ့ပဲ ပြသခဲ့ပြီးနောက် ရုပ်သံမှပြသခဲ့မှုကို ကြည့်ရှုမိသူများက တစ်ဆင့်ရိုက်ကူးကာ အွန်လိုင်းပေါ်တင်ပြီး ဝေဖန်ငြင်းခုန်ခဲ့ရာမှ အကြီးကဲဖြစ်သူ အလုပ်ထုတ်ခံရသည်ထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။






