BEC-TERO TV

လစ်လပ်နေတဲ့ မြန်မာလက်ရွှေးစင်နည်းပြ ရာထူးကို ခန့်အပ်ဖို့ အမြန်ဆုံး ပြင်ဆင်

02 Jan 2019     1,331 Views


မြန်မာ့လက်ရွေးစင်အသင်းရဲ့ နောက်ဆုံး နည်းပြချုပ် အန်တွန်နီဟေးကိုထုတ်ပယ်ပြီးနောက်ပိုင်း နည်းပြရာထူး လစ်လပ်နေတာ ဖြစ်ပါတယ်။ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုက ထွက်ခဲ့ရပြီးနောက် အန်တွန်နီဟေး ကို ထုတ်ပယ်ခဲ့ပြီးနောက်  ယခုမြန်မာ့လက်ရွေးစင်အသင်းရဲ နည်းပြချုပ်ရာထူးအတွက် ဖောင်တင်စနစ်နဲ့ လျှောက်လွှာလက်ခံနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က လစ်လပ်လျက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးအတွက် အမြန်ဆုံး ခန့်အပ်နိုင်ရေးအတွက် ဆောင်ရွတ်နေတယ်လို့သိရပါတယ် ။ မြန်မာဘောလုံးအဖွဲ့ ချုပ် ရာထူးကို စိတ်ဝင်စားတဲ့ နည်းပြတွေကို ဖိတ်ခေါ်ထားပြီး ဖောင်တင်တဲ့ ပုံစံမျိုးနဲ့ ဇန်န၀ါရီလ (၁၀)ရက်နေ့ နောက်ဆုံးထားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


“ မြန်မာဘောလုံး နည်းပြချုပ်ရာထူးအတွက် ဇန်နဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဆောင်ရွတ်နေပါတယ်။နည်းပြချုပ်ရာထူးကို ခန့်အပ်ဖို့ ဒီလထဲ့မှာ အပြီးသတ်ဖို့ရှိပါတယ် ” “ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ နည်းစနစ်ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး နည်းပြချုပ်ခန့်အပ်ရေးကို ဆောင် ရွက်နေတာ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ ကမ္ဘာတစ်ဝန်းက နည်းပြတွေရဲ့ ဖောင်တင်လက်ခံစနစ်နဲ့ လက်ခံထားပြီး လျှောက်ထားသူများလည်း ရှိပါတယ်။ ဒါပေမယ့်လည်း နည်းပြသစ်ကိုတော့ လျှောက်လွှာပိတ်ပြီး ဇန်န၀ါရီ ၁၀ ရက်နေ့ နောက်ပိုင်းမှသာ စိစစ်ရွေးချယ် ကြေညာချက်ထုတ်ပြန်ပေးနိုင်မှာလည်း ဖြစ်ပါတယ် “လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

နည်းပြချုပ်ခန့်အပ်ပြီးတာနဲ့ မြန်မာလက်ရွှေးဇင်အသင်းဟာ ခြေစမ်းပွဲတွေ ဆက်တိုက်ကစား ဖို့စီစဉ်နေပြီး ဖိတ်ကြားထားတဲ့ အသင်းတွေရှိတယ်လို့လည်း သိရပါတယ်။


02 Jan 2019     1,331 Views




RELATED

Most Popular of Football

Most Popular of Sport