BEC-TERO TV

မြေဆီလွှာစားသုံးခြင်းက (ခန္ဓာကိုယ်အလေးချိန်)ဝိတ်ကျစေနိုင်

02 Jan 2019     1,667 Views


ခန္ဓာကိုယ်အလေးချိန် ဝိတ်ကျဖို့ဆိုရင် စျေးကွက်ထဲမှာ ရောင်းချနေတဲ့ ပိန်ဆေးများ သောက်ခြင်းထက် မြေဆီလွှာ စားသုံးခြင်းက များစွာထောက်အကူဖြစ်စေကြောင်း သြစတြေးလျတက္ကသိုလ်မှ သုတေသီများ တွေ့ရှိထားကြပြီဖြစ်ပါတယ်။
 
China Press သတင်းတွင် ဖော်ပြချက်အရ သြစတြေးလျတက္ကသိုလ်က သုတေသီတွေဟာ သောက်ဆေးတွေကနေတစ်ဆင့် ခန္ဓာကိုယ်ကနေ စုပ်ယူပြီး စိတ်ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်မယ့် ကုထုံးနည်းလမ်းတွေကို ရှာဖွေနေကြသူတွေလို့ ဆိုပါတယ်။
 
သူတို့တွေဟာ မထင်မှတ်ပဲနဲ့ မြေဆီဟာ အဆီပိုတွေကို ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားခြင်းကို ရပ်တန့်စေပြီး အစာချေစနစ်ထဲ ရောက်ရှိအောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာကို စမ်းသပ်မှုတွေပြုလုပ်ရင်း မတော်တဆ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
 
လက်ရှိအခြေအနေမှာတော့ ကြွက်တွေကို အုပ်စုနှစ်စုခွဲကာ စမ်းသပ်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ အုပ်စုတစ်စုကို ပိန်ဆေးတွေ ကျွေးပြီး အခြားအုပ်စု တစ်ခုကိုတော့ မြေဆီဓာတ်တွေကို ကျွေးပါတယ်။
 
နှစ်ပတ်လောက်အကြာမှာတော့ မြေဆီစားခဲ့တဲ့ ကြွက်တွေရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ သိသိသာသာ ကျသွားတာကို တွေ့ခဲ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြေဆီဓာတ်ဟာ ပိန်ဆေးတွေထက် အစွမ်းထက်ပြီး ခန္ဓာကိုယ်ထဲက အဆီတွေကို လွယ်လွယ်ကူကူ ဖယ်ရှားပေးနိုင်ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။
 
မည်သို့ပင်ဆိုစေကာမူ ယခုတွေ့ရှိချက်ဟာ လူတွေအတွက် အန္တရာယ်ကင်းပြီး အလုပ်ဖြစ်နိုင်ပါမလား၊ အခြား ဘေးထွက်ဆိုးကျိုး ဘာတွေရှိဦးမလဲဆိုတာ ဆက်လက်လေ့လာကြရဦးမှာဖြစ်ကြောင်း သိရှိရပါတယ်။

02 Jan 2019     1,667 Views




RELATED

Most Popular of Special or Others

Most Popular of NEWS