BEC-TERO TV

ချလ်ဆီးအသင်းကို ဝမ်းနည်းစွာ နှုတ်ဆက်ခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် ဖာဘရီဂတ်စ်

03 Jan 2019     1,387 Views


မနေ့က ဆောက်သမ်တန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ချလ်ဆီးအသင်း၏ ကွင်းလယ်ဖန်တီးရှင် ဖာဘရီဂတ်စ် ဟာ အသင်းပရိတ်သတ်များကို နှုတ်ဆက်သွားခဲ့ပြီး ပြင်သစ်ကလပ် မိုနာကို အသင်းကို ပြောင်းရွှေ့ကစားတော့မှာဖြစ်ပါတယ်။

ပွဲကစားချိန် ၆၈ မိနစ်မှာ ဘာကလေနေရာလူစားလဲဝင်ကစားခဲ့တဲ့ ဖာဘရီဂတ်စ်ဟာပွဲပြီးချိန်မှာ ဝမ်းနည်း နေတဲ့မျက်နှာနဲ့ ပရိသတ်တွေကိုလက်ပြနှုတ်ဆက်ခဲ့ပါတယ်။ ဂျာစီဘယ်ဘက်အပေါ်မှာရှိတဲ့ အသင်းလိုဂိုကိုလက်နဲ့ပုတ်ပြ ခဲ့ပြီး ချလ်ဆီးအသင်းဟာ သူ၏ နှလုံးသားထဲမှာ ရှိနေမယ့်သဘောနဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။


နည်းပြသစ် ဆာရီ ရောက်ရှိလာပြီးနောက်ပိုင်း ဖာဘရီဂတ်ဟာ အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးစေခဲ့ပြီး သူအနေနဲ့ အနာဂါတ် အစီအစဉ်မှာ မပါဝင်တော့တာမို့ အသင်းသစ် ရှာဖွေခဲ့ပြီး တစ်ချိန်က အာဆင်နယ်အသင်းမှာ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော် အွန်နရီ ကိုင်တွယ်နေတဲ့ မိုနာကို အသင်းကိုပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။


ဖာဘရီဂတ်စ်ကို ၂၀၁၄ မှာဘာစီလိုနာကနေ ယူရို ၃၃ သန်း ၅ နှစ်စာချုပ်နဲ့ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဖာဘရီဂတ်ဟာ လန်ဒန်မှာ ၅ ရာသီနီးပါးကစားခဲ့ရာမှာ ပွဲပေါင်း ၂၀၀ နီးပါးကစားခဲ့ရာမှာ ၂၂ ဂိုးသွင်းပြီး ဖန်တီးမှု ၄၁ အထိပြုလုပ်ပေး နိုင်ခဲ့ပါတယ်။


မိုနာကိုအသင်းဟာ အသက် ၃၁ နှစ်အရွယ် ဖာဘရီဂတ်စ်ကို ၂ နှစ်ခွဲစာချုပ် စာချုပ်ချုပ်ဆိုကြေး ပေါင် ၉ သန်းပေးချေခဲ့ရပြီး ဖာဘရီဂတ်စ်ထံမှ အကောင်းဆုံးသော ဖန်တီးမှုတွေကို မျော်လင့်ထားကြောင်းသိရသည်။


03 Jan 2019     1,387 Views




RELATED

Most Popular of Football

Most Popular of Sport