BEC-TERO TV

ဒိန်းမတ်တွင် လူစီးရထားနဲ့ ဘီယာတင်ရထားတို့ မတော်တဆမှုကြောင့် လူ ၆ ဦးသေဆုံး

03 Jan 2019     1,319 Views


ဒိန်းမတ်နိုင်ငံတွင် ဇန်နဝါရီ ၂ ရက် ဗုဒ္ဓဟူးနေ့က မုန်တိုင်းရာသီဥတုအခြေအနေကြောင့် လူစီးရထားနဲ့ ကားလ်စ်ဘာ့ခ်ျဘီယာများတင်ဆောင်လာသော ကုန်ရထားတစ်စင်းတို့ မျက်နှာချင်းဆိုင် ဘေးချင်းယှဉ်ဖြတ်သန်းသွားကြစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ပက်လယ်ကို ဖြတ်ကာ ကျွန်းနှစ်ကျွန်းကို ဆက်သွယ်ထားသော ဂရိတ်ဘဲလ့် တံတားကြီးပေါ်တွင် နံနက် ၈ နာရီ အချိန်ခန့်က ဘေးချင်းယှဉ်ခုတ်မောင်းသွားစဉ် ကုန်ရထား၏ တွဲတစ်တွဲ လူစီးရထားပေါ် ပြိုလဲကျခဲ့ခြင်းဖြစ်သည်။


လူစီးရထားပေါ်မှာ အသက်ရှင်ကျတ်ခဲ့သူများ၏ အဆိုအရ ကုန်ရထားတွဲ ပြုတ်စဉ် လူစီးရထားထိမိကာ ရထားတစ်စီးလုံး လှုပ်ခါသွားပြီး မီးပွင့်များ ပွင့်ထွက်လာပြီးနောက် ရထားမှာ ရုတ်တရက်ဘရိတ်ဆွဲကာ ရပ်တန့်သွားကြောင်း ပြောဆိုခဲ့သည်။


မတော်တဆမှုကြောင့် ဒဏ်ရာရသူ ၁၆ ဦး ရှိပြီး ၆ ဦးသေဆုံးခဲ့သည်။ လက်ရှိမှာတော့ ၁၁ မိုင်ခန့်ရှည်လျားသော အဆိုပါတံတားအား ရာသီဥတုဆိုးရွားသဖြင့် ကားများ ဖြတ်သန်းသွာလာခွင့် ပိတ်ထားပြီး ရထားများကိုတော့ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရှိရသည်။


03 Jan 2019     1,319 Views




RELATED

Most Popular of International News

Most Popular of NEWS