PUPG Mobile ဂိမ်းပြိုင်ပွဲမှာ ပထမဆုကိုရရှိသွားတဲ့ ယွန်းဝတီလွင်မိုးရဲ့ ခင်ပွန်း
03 Jan 2019 1,687 Views

ခေးလေးလို့ ချစ်စနိုးခေါ်ကြတဲ့ ယွန်းဝတီလွင်မိုးကတော့ ခင်ပွန်းဖြစ်သူထက်ဦးလှိုင်နဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးကို မွေးဖွားကာ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ငယ်ရွယ်ပေမယ့်လည်း နှစ်ယောက်သားခိုင်မာတဲ့ချစ်ခြင်းမေတ္တာကိုအခြေခံပြီး ယုံကြည်မှု၊ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ယွန်းဝတီလွင်မိုးတို့ မိသားစုလေးကိုတော့ ပရိသတ်အားလုံးက ချစ်ခင်နေကြရတာပဲဖြစ်ပါတယ်။


လက်ရှိကမ္ဘာအနှံ့မှာ ရေပန်းအလွန်စားနေတဲ့ ဂိမ်းဖြစ်တဲ့ PUPG Mobile ဂိမ်းပြိုင်ပွဲကိုတော့ ခေးလေးယွန်းရဲ့ ခင်ပွန်းဖြစ်သူမှ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်ပါဝင်တဲ့ OG Stars အဖွဲ့ဟာ Huawei New Year Championship 2018 PUPG Mobile ဂိမ်းပြိုင်ပွဲမှာ ပထမဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ပထမဆုကို ရရှိခဲ့တဲ့အတွက် ခေးတစ်ယောက်အရမ်းကို ပျော်ရွှင်နေသလို ဆုရခဲ့တဲ့ ခင်ပွန်းကိုလည်း ဂုဏ်ပြုအနမ်းတွေပေးကာ ခင်ပွန်းအတွက်ဂုဏ်ယူနေတာကိုလည်း တွေ့ရပါတယ်။
.jpg)

Huawei New Year Championship 2018 ပြိုင်ပွဲကြီးမှာ ပထမဆုရရှိခဲ့တဲ့ ထက်ဦးလှိုင်တို့ OG stars အဖွဲ့ကတော့ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀၀ ရရှိခဲ့ပါတယ်။ ပရိသတ်ကြီးထဲမှာလည်း ဂိမ်းဝါသနာရှင်တွေရှိရင် ကိုယ့်ရဲ့အစွမ်းအစတွေထုတ်ပြလို့ ခုလိုပြိုင်ပွဲတွေမှာသွားရောက်ယှဉ်ပြိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်…

