BEC-TERO TV

မန်ချက်စတာယူနိုက်တတ်အသင်းနဲ့ ယာယီနည်းပြ ဆိုးလ်ရှား အံ့ဝင်ခွင်ကျ ဖြစ်ပြီလား ?

03 Jan 2019     1,302 Views


ယာယီနည်းပြ ဆိုးလ်ရှား လက်ထက် မှာ ယူနိုက်တတ်အသင်းဟာ လမ်ကြောင်းမှန်ပေါ်ပြန်ရောက်လာပြီး ၄ ပွဲဆက် အနိုင်နဲ့ ရမှတ် ၃၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ တတ်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ နည်းပြဟောင်း မော်ရင်ဟို လက်ထက်မှာ ခြေစွမ်းပြဖို့ ရုံးကန်နေရတဲ့ လူကာကူ နဲ့ ပေါ့ဘာ တို့တောင် ဆိုးလ်ရှား လက်အောက် မှာ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ပြီး တိုက်စစ် အားသန် တဲ့ အသင်း အဖြစ်မြင်တွေ့ နေရတာဖြစ်ပါတယ်။ဆိုးလ်ရှား ဟာ ၄ ပွဲဆက်အနိုင်ရရှိခဲ့တာကြောင့် အဖွင့်ပွဲ (၄)ပွဲဆက် အနိုင်ရရှိတဲ့ ဒုတိယမြောက်နည်းပြအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဆိုးလ်ရှားရဲ့လက်ထက် ယူနိုက်တက်ဟာ ကာဒစ်၊ ဟတ်ဒါဖီးလ်၊ ဘုန်းမောက် နဲ့ နယူးကာဆယ်တို့ကို ဆက်တိုက် ဂိုးပြတ် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ အမှတ်ပေးဇယားအောက်ခြေ နဲ့ အလယ်အလတ်က အသင်းတွေဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိက်တတ် ခြေအမှန်လားဆိုတာကို ဇန်န၀ါရီ (၁၃)ရက်နေ့မှာ ယူနိုက်တက်ဟာ တော့တင်ဟမ်နဲ့ ပွဲမှာ စောင်ကြည့်သွားရမှာဖြစ်ပါတယ်။ ဆိုးရှားအတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုကို ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။


မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ် အသင်းကို လူကာကူ နဲ့ ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၀ -၂ ဖြင့် အနိုင်ယူခဲ့ပြီး ဆိုးလ်ရှားက ယူနိုက်တက်နည်းပြဘဝမှာ ရာနှုန်းပြည့် နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယာယီနည်းပြဖြစ်တဲ့ ဆိုးရှားလ် ဟာ ယူနိက်အသင်းကို ရာသီကုန်အထိသာ နည်းပြခွင့်ရရှိမှာဖြစ်ပါတယ်။ မီဒီယာတွေနဲ့ အင်တာဗျူးမှာလည်း ကာလရှည်နည်းပြအဖြစ်ရှိချင်တယ်လို့ ထွက်ဆိုထားတာလည်းဖြစ်ပါတယ်။ "ကျွန်တော် ဒီအသင်းကနေ ပြန်မသွားချင်ပါဘူး ။ အသင်းဟာ တစ်ပွဲနဲ့ တစ်ပွဲ ရစ်သမ် မှန်နေပါပြီ " လို့ ဆိုးလ်ရှားက နယူးကာဆယ်ကို အနိုင်ယူခဲ့တဲ့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။


"ကျွန်တော်တို့ အသင်းဟာ အသင်းငယ်လေးတွေနဲ့ တွေ့ တဲ့အခါမျိုးမှာ မဖြစ်မနေ အနိုင် ၃ မှတ် ရယူနိုင်ခဲ့သင့်ပါတယ်။စိန့်ဂျွန်ပေါ့လ်ကွင်းမှာ သူတို့ရဲ့ ပရိသတ်ရှေ့မှောက်ကစားရတာ မလွယ်ကူပါဘူး၊ တကယ့်ကို ဒီနေ့ပွဲမှာ ကျွန်တော့်ကစားသမားတွေက ပရော်ဖက်ရှင်နယ်ပီသခဲ့ကြပါတယ်" လို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။


ဆိုးလ်ရှား လက်ထက် ယူနိုက်တတ်အသင်း နှင့်ကစားခဲ့သည့်ပွဲများ ကာဒစ် ၁ - ၄ ယူနိုက်တတ် ယူနိုက်တတ် ၃ - ၁ ဟတ်ဒါဖီးလ် ယူနိုက်တတ် ၄ - ၁ ဘုန်းမောက် နယူကားဆယ် ၀ - ၂ ယူနိုက်တတ်


03 Jan 2019     1,302 Views




RELATED

Most Popular of Football

Most Popular of Sport