ယူနိုက်တတ်နဲ့ ဂိုဒင် သတင်းနှင့် ဇန်နဝါရီ အပြောင်းအရွှေ့ အလှုပ်အခတ်များ
03 Jan 2019 1,723 Views

ယူနိုက်တတ်အသင်းဟာ အက်သလက်တီကို ကစားသမား ဂိုဒင်ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပြီး အပြောင်းအရွှေ့ တစ်ရပ်အနေနဲ့ နောက်ခံလူ ဘိုင်လီကို အလဲအလှယ်လုပ်မယ်လို့သိရပါတယ်။

ဝုလ်ဗာဟမ်တန်အသင်းဟာ ချယ်ဆီးမှ အက်စတွန်ဗီလာကို အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ လူငယ်တိုက်စစ်မှူး အေဗရာဟင်ကို ပေါင်(၁၈)သန်းနဲ့ချယ်ဆီးအသင်းထံကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ ဒါကို ချလ်ဆီးအသင်းက လက်ခံထားတာကြောင့် စာချုပ်ချုပ်ဆိုဖြစ်မယ်လို သိရပါတယ်။

ယူနိုက်တတ် နောက်ခံကစားသမား အဲရစ်ဘိုင်လီ ဟာ ဇန်နဝါရီအပြောင်းအရွှေမှာ ပြောင်းရွှေ့ချင်နေတယ် လို့သိရပြီး သူကို ခေါ်ယူဖို့ လာလီဂါကလပ် ဆီဗီလာ အသင်းက စိတ်ဝင်စားနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အိုဒွိုင်းအတွက် ပေါင်သန်း(၂၀)နဲ့ကမ်းလှမ်းမှုကို ချယ်ဆီးအသင်းဘက်ကငြင်းဆန်ခဲ့ပြီးနောက် ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းမှုတစ်ခု ထပ်မံပြုလုပ်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ် ဂျူဗင်တပ် အသင်းနှင့် လိုက်ဇစ် အသင်းကပါ စိတ်ဝင်စားနေကြောင်းသိရသည်။ ချလ်ဆီး အသင်းကတော့ လူငယ်ကစားသမား အိုဒွိုင်း ကိုရောင်းချဖို့အတွက် ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ချလ်ဆီးအသင်းဟာ နောက်ထပ်ခြေလှမ်း အဖြစ် PSV အသင်းရဲ့လူငယ်စတား လိုဇာနိ ကို ယူရို ၃၆ သန်းဖြင့် ကမ်းလှမ်းထားကြောင်းသိရသည် ။
