သူမနာမည်နဲ့ အလွဲသုံးစားလုပ်တဲ့ အကောင့်အတုတွေအကြောင်းဖြေရှင်းလိုက်တဲ့ Wonder Woman
07 Jan 2019 1,532 Views

လွတ်လပ်ပေါ့ပါးတဲ့ ဟန်ပန်နဲ့ ဟန်ဆောင်မှုကင်းတဲ့ အပြုံးပိုင်ရှင်သူမကို တော့ပရိတ်သတ်ကြီးကို အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။

ဟုတ်ပါတယ် သူမကတော့ Gal Gadot ပါ ယောင်္ကျားသား Heroes တွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အမျိုးသမီးသူရဲကောင်း ဇာတ်ရုပ်ကိုပိုင်နိုင်စွာသရုပ်ဆောင်ထားတာကြောင့် ဒီနှစ်ပိုင်းတွေမှာလူကြိုက်များခဲ့တာပါ။ ရုပ်ရှင်ထဲမှာသာမက ပြင်ပမှာလဲ သူမရဲ့ ထက်မြက်တဲ့ ဟန်ပန်အမူအရာတွေကြောင့် ချစ်ခင်တဲ့ပရိတ်သတ်တွေအများအပြားရှိလှပါတယ်။ သူမရဲ့ Hero ဆန်တဲ့ ဇာတ်ရုပ်ကြောင့် မိန်းကလေးများစွာရဲ့ Role Model တစ်ယောက်လဲဖြစ်လာပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ သူမမှာ သူမလိုချစ်စဖွယ်ကောင်းတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။ Gal ဟာ အစ္စရေးသူတစ်ယောက်ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်မှာ Miss Isarel အလှမယ်ဆုကို ရရှိခဲ့ပါတယ်။

လက်တလောမှာတော့ လွတ်လပ်ပေါ့ပါးတဲ့ အပြုံးပိုင်ရှင် Gal Gadot တစ်ယောက် သူမနာမည်နဲ့ အသုံးပြုနေတဲ့ Fake account တွေအကြောင်းကိုဖြေရှင်းလိုက်ပါတယ်။

သူမရဲ့ ရုပ်ပုံ၊ နာမည်နဲ့ အသုံးပြုတဲ့အကောင့်တုတွေဟာ လူတွေဆီကနေ itunes card နဲ့ ပိုက်ဆံအချို့ကို လိမ်လည်တောင်းခံနေကြောင်းကို သူမသိရှိခဲ့တဲ့အတွက် ဒီလိုဖြေရှင်းရတာဖြစ်ပါတယ်။ သူမနာမည်ကို အလွဲသုံးစားပြုလုပ်ပြီး လိမ်လည်တာဖြစ်တဲ့အတွက် သူမပယောဂမကင်းသလိုခံစားရပါတယ်တဲ့။ အလိမ်ခံလိုက်ရတဲ့လူတွေအတွက်လဲ တောင်းပန်တဲ့အကြောင်းစာရေးသားခဲ့ပါတယ်။
သူမ ကိုယ်တိုင်အသုံးပြုတဲ့ အကောင့်များဟာ နာမည်ရဲ့ဘေးမှာ Blue Mark ပါရှိကြောင်း သူမက screenshot နဲ့တကွဖော်ပြခဲ့ပါတယ်။
သူမအသုံးပြုတဲ့ Facebook Account

Instagram Account

Twitter Account
.png)
သူမပရိတ်သတ်တွေကို အရမ်းချစ်တဲ့ Gal တစ်ယောက် အခုလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်နေမှာပါပဲ။ ပရိတ်သတ်ကြီးလဲ Gal Gadot ကိုချစ်တယ်၊ သူမအတွက် စိတ်မကောင်းဖြစ်တယ်ဆိုရင် like & share လေးလုပ်ဖို့လဲမမေ့ပါနဲ့နော်။







