BEC-TERO TV

အိပ်ဆေးနဲ့ အရက်ရောသောက်ခဲ့မှုကြောင့် ဝိန်းရွန်းနီ ကိုဖမ်းဆီး

07 Jan 2019     1,780 Views


ပြီးခဲ့တဲ့လ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗာဂျီးနီးယား ပြည်နယ်မှာ ဒီစီယူနိုက်တတ်ကြယ်ပွင့်နှင့် အင်္ဂလန်အသင်း ခေါင်ဆောင်ဟောင်း ဝိန်းရွန်းနီ တို့ဟာ ဝါရှင်တန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆော်ဒီအာရေးဘီယားက အပြန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့မှာ ရွန်းနီကို မူးရစ်ရမ်းကားမှုကြောင့် လူဒေါင်း ရုံးတော်မှ ပြစ်ဒဏ် အဖြစ် ဒေါ်လာ ၁၂၀ ဒဏ်ကြေးပေးဆောင်သတ်မှတ်ခဲ့ပါတယ်။ ဒီလို အသေးစားမူးရစ်သောက်စား ရမ်းကားမှုကို အမေရိကန် နိုင်ငံမှာ ပြစ်မှု အသေးစား အဖြစ်သတ်မှတ်ပါတယ်။


ဝိန်း ရွန်းနီးဟာ လေယာဉ်စီးနေစဉ်အတွင်း အိပ်ဆေးတွေနဲ့ အရက်တွေ ရောသောက်ခဲ့တာပြီး အပြန်မှာ မူးဝေနေခဲ့ကြောင့် တာဝန်ရှိသူများက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်မှာကစားနေစဉ်ကလည်း အရက်သောက်ပြီး ကားမောင်းတဲ့အတွက် ကားမောင်းခွင့် ၂ နှစ်ပိတ်ခံခဲ့ရပြီး ဒဏ်ကြေး ၁၇၀ ပေါင် ပေးဆောင်ခဲ့ရပါသေးတယ်။


ရွန်းနီဟာ ဒီစီယူနိက်တတ်အသင်းကို ၂၀၁၈ ခုနှစ်က ၃ နှစ်စာချုပ်နဲ့ ပြောင်းရွေ့ ခဲ့ပြီး ၁၂ ဂိုးသွင်းယူပြီး အသင်းကို play-offs အဆင့်အထိ ပို့ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။


07 Jan 2019     1,780 Views




RELATED

Most Popular of Football

Most Popular of Sport