BEC-TERO TV

ရိုက်ကွင်းမှာ အမူအကျင့်ကောင်းတွေရှိလို့ ချီးကျူးခံရတဲ့ မင်းသား၊မင်းသမီးများ

07 Jan 2019     2,172 Views


ကလေးဘဝကတည်းက သရုပ်ဆောင်လုပ်ခဲ့တဲ့ ကင်မ်ဆိုဟွန်းလေးဟာ လက်ရှိမှာတော့ လူကြီး သရုပ်ဆောင်လေးဖြစ်နေပါပြီ။ ငယ်စဉ်ကလေးဘဝကတည်းက ဗီလိန်ဇာတ်ရုပ်လိုနေရာမျိုးကိုပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမကို စီနီယာတွေကတောင် လေးစားခဲ့ကြတာပါ။

 

ဆိုးဟွန်းလေးဟာ သရုပ်ဆောင်နေမှ ချစ်စဖွယ်ဟန်ပန်လေးတွေနဲ့ နေတာမဟုတ်ပါဘူးတဲ့။ ရိုက်ကွင်းမှာလဲ ရှုတင်ကဆက်တင်သမားတွေ၊အချိန်ပိုင်း အလုပ်သမား၊ အောက်ခြေသိမ်းအလုပ်သမားမှန်သမျှ အကုန်လုံးကို အဆင့်အတန်း မခွဲခြားပဲ ယဉ်ကျေးစွာဆက်ဆံတတ်ပါတယ်တဲ့။


ဇာတ်လမ်းတွဲရိုက်ကွင်းတွေမှာ ဆယ်နှစ်တာ အလုပ်လုပ်ဖူးတဲ့ လူတစ်ယောက်က ကင်မ်ဆိုဟွန်းရဲ့ အမူအကျင့်ကောင်းလေးတွေနဲ့ အဆင့်အတန်းမခွဲခြားတတ်ပုံတို့ကို ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ ထိုသူရဲ့ သားကသူ့အဖေပြောပြတဲ့ ကင်မ်ဆိုးဟွန်း အကြောင်းကို လူမှုကွန်ယက်မှာ ပြန်လည်ဝေမျှခဲ့တာပါ။

‘အဖေက ဒီလိုချီးကျူးတာရှားတယ်၊ အဖေ ရိုက်ကွင်းတွေမှာ အလုပ်လုပ်တဲ့သက်တမ်းတစ်လျှောက် ချီးကျူးခဲ့တဲ့ သရုပ်ဆောင် (၅) ယောက်ပဲရှိတယ်။ အဲ့ထဲမှာမှ ဆိုးဟွန်ကတစ်ယောက်အပါအဝင်ပဲ။’ လို့ သားဖြစ်သူကရေးသားခဲ့ပါတယ်။ ရှုတင်လိုနေရာမျိုးမှာ နာမည်ကြီး မင်းသား၊ မင်းသမီး တော်တော်များများက ဝန်ထမ်းတွေကို မမြင်ချင်ယောင်ဆောင်သလို၊ မတူသလို မတန်သလိုဆက်ဆံကြတယ်လို့သိရပြီး သူ့အဖေက ထိုသူတွေအကြောင်းကိုလဲ မကြာခဏပြောပြလေ့ရှိတယ်လို့ သိရပါတယ်။

အဖေဖြစ်သူ ပြောပြတဲ့ ရိုက်ကွင်းမှာသဘောကောင်းတဲ့ မင်းသား၊ မင်းသမီးတွေကတော့ ချွဲတေးဂျွန်၊ ဆောင်းဂျီဟို၊ ဂျိုဘိုအ၊ ကင်မ်ဆိုဟွန်း နဲ့ ယွန်ဟို တို့ပဲဖြစ်ကြပါတယ်။ မင်းသား၊ မင်းသမီးတွေ အများစုဟာ ရိုက်ကူးရေး ဝန်ထမ်းတွေနဲ့ ရောရော နှောနှောပတ်သတ်တာမျိုး မလုပ်ကြပေမယ့် ဒီလူတွေကတော့ ခွဲခြားဆက်ဆံခြင်းမျိုးမရှိကြပါဘူးတဲ့။ ပရိတ်သတ်ကြီးလဲ ဒီလိုမာနမကြီးတတ်ပဲ သဘောကောင်းတဲ့ သူတို့ကို ချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့နဲ့ဦးနော်။

 

 

 



07 Jan 2019     2,172 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS