လက်ရှိတောင်ကိုးရီးယား သမ္မတ မွန်ဂျေအင်နဲ့ သီချင်းအတူဆိုဖူးတဲ့ idols များ
07 Jan 2019 1,704 Views

တောင်ကိုးရီးယားနိုင်ငံရဲ့ လက်ရှိသမ္မတ မွန်ဂျေအင်းကို ကိုးရီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖခင်ကြီးလို့တင်စားခေါ်ဝေါ်ကြပါတယ်။ နှစ်ပေါင်းများစွာ မငြိမ်းသက်နိုင်တဲ့ တောင်နဲ့မြောက်ဆက်ဆံရေးဟာ သမ္မတမွန်ဂျေအင် လက်ထက်ရောက်မှ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး ရရှိခဲ့တာဖြစ်ပါတယ်။

သမ္မတ မွန်ဂျေအင်းဟာ သမ္မတမဖြစ်မှီ အမတ်လောင်းအဖြစ် ရွေးချယ်ခံရတဲ့ကာလ အပိုင်းအခြားလောက်က နာမည်ကြီးအဆိုတော်တွေနဲ့ ပရောဂျက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ပရောဂျက်ရဲ့ နာမည်ကတော့ ‘One dream One Korea’ လို့ အမည်ရပါတယ်။ One dream One Korea ဆိုတဲ့အဓိပ္ပါယ်ဟာ ကိုးရီးယားဟာ တောင်နဲ့မြောက်မခွဲခြားပဲ တစ်သားတည်းဖြစ်ရမယ်။ ငါတို့အားလုံးဟာ တစ်အူတုံဆင်းညီအစ်ကိုတွေပဲ၊ ငါတို့အားလုံးတစ်သားတည်းဖြစ်စေဖို့ ရည်ရွယ်ချက်ဟာ ငါတို့ရဲ့ အိပ်မက်ဖြစ်တယ်လို့ မြောက်ကိုးရီးယားကို ငြိမ်းချမ်းရေး ညှိနှိုင်း ဖို့သီချင်းနဲ့ စတင်ခဲ့တဲ့သဘောပါပဲ။

ဒီသီချင်းကို Kim Hyung Suk ကရေးသားခဲ့ပြီး ထိုအချိန်ကသမ္မတ မွန်ဂျေအင်တစ်ယောက် Global Peace Foundation ရဲ့ တည်ထောင်သူအဖြစ်သာ တည်ရှိနေဆဲကာလတစ်ခုဖြစ်ပါတယ်။ ဒီသီချင်းမှာ သမ္မတကိုယ်တိုင် idols တွေနဲ့အတူ ပါဝင်သီဆိုခဲ့တာဖြစ်ပါတယ်။
.png)
တောင်ကိုးရီးယားဟာ သူတို့နိုင်ငံမှာရှိတဲ့ သရုပ်ဆောင်များနဲ့ idols အဆိုတော်များကြောင့် ကမ္ဘာတစ်ဝှမ်းမှာလူသိများ ကျော်ကြားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ One dream One Korea သီချင်းမှာနာမည်ကြီးပြီးသား idols အဖွဲ့ဝင်တွေကို ပါဝင်သီဆိုစေခဲ့တာဖြစ်ပြီး ဒီသီချင်းဟာ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ရုတ်ချည်း လူသိများကျော်ကြားသွားခဲ့တာပါ။ ဒီသီချင်းလေးမှာ idols အဖွဲ့တွေထဲက ဘယ်သူတွေက ပါဝင်သီဆိုထားသလဲဆိုတာကြည့်လိုက်ကြရအောင်နော်။
Exo Baekhyun

Girl’s Day Minah

Choa (AOA အဖွဲ့ဝင်ဟောင်း)

Got7 Youngjae

BTS Jongkook

Soyou

Yeeun
.png)
B1A4 Sandeul

Vixx Ken

Red Velvet Wendy

Gyuri (KARA အဖွဲ့ဝင်ဟောင်း)

One dream One Korea သီချင်းကြောင့် အမတ်လောင်းမွန်ဂျေအင်ကိုလဲ လူသိများလာပြီး Global Peace Foundation ကိုလဲထောက်ခံအားပေးသူတွေများလာ ခဲ့ပါတယ်။ ‘ငါတို့ဟာအတူတူပဲ ကွဲပြားခြင်းမရှိပါဘူး၊ ငြိမ်းချမ်းရေးအတွက် ငါမင်းကိုလိုအပ်တယ်၊ ငါ့လက်ကိုဆုပ်ကိုင်ထားပါ’ ဆိုတဲ့သီချင်းစာသားအတိုင်း သမ္မတမွန်ဂျေအင်က လက်တွေ့မှာ အမှန်တကယ်အကောင်အထည်ဖော်ပြသွားတာဖြစ်ပါတယ်။

သမ္မတမွန်ဂျေအင် နဲ့မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားအပြီးမှာ One dream One Korea သီချင်းကို ဖွင့်လှစ်ခဲ့ပါတယ်။ သီချင်းတွေက ရန်ကိုပြေငြိမ်းစေတယ်၊ သီချင်းတွေကရင်ထဲကအပူမီးတွေကိုလျော့ချနိုင်တယ်ဆိုတာအမှန်ပါပဲ။ သီချင်းတစ်ပုဒ်ကြောင့် နှစ်နိုင်ငံငြိမ်းချမ်းရေးရသွားတာ မယုံနိုင်စရာပုံပြင် တစ်ပုဒ်လိုဖြစ်နေပေမယ့် ဒါဟာအမှန်တရားပါပဲ ဖြစ်ပါတယ်။







