BEC-TERO TV

ကိုရီးယားမလေးတွေ သိပ်လှတာပဲဆို.. (ရုပ်သံ)

07 Jan 2019     1,814 Views


မြန်မာနိုင်ငံမှာ ကိုရီးယားဇာတ်လမ်းတွဲတွေ ခေတ်စားလာပြီးနောက်မှာ ဆယ်ကျော်သက်လေးတွေကအစ သက်လတ်ပိုင်းအရွယ်တွေထိ ကိုရီးယားမင်းသားမင်းသမီးလေးတွေကို ချောမောလှပချင်တဲ့ ရောဂါရလာကြတော့တာပါပဲ..။

တစ်ကယ်တော့ ကိုရီးယား ဆယ်လီအများစုဟာ သဘာဝအတိုင်း ချောမောလှပနေကြတာထက်စာရင် တစ်ခုခုကိုခွဲစိတ်ပြုပြင်ထားပြီးမှ လှပနေတာကများပါတယ်။ နောက်တစ်ခုကတော့ တိုးတက်လာတဲ့ မိတ်ကပ်ပညာ အစွမ်းတွေကြောင့်လည်း အသက်ရှုရပ်သွားအောင်လည်း လှပသွားတတ်ကြပါတယ်။

ဒါကိုလက်တွေပြတဲ့အနေနဲ့ ကိုရီးယားသူလေးတစ်ယောက်က မိတ်ကပ်တွေနဲ့ ချောမောလှပနေတဲ့ သူမရဲ့ မျက်နှာတစ်ခြမ်းကို မိတ်ကပ်ဖျက်ဆေးသုံးပြီး လက်တွေ့ပြသလိုက်တဲ့အခါ အွန်လိုင်းပေါ်က ပရိသတ်တွေအားလုံး အံ့သြမှင်သက်သွားကြပါတယ်။


ဒီရုပ်သံလေးက ၂၀၁၅ ခုနှစ်က မိတ်ကပ်ရဲ့ အစွမ်းကို ပြသခဲ့တဲ့ ရုပ်သံလေးပါ။ ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ် ပြန်လည် ခေတ်စားလာတာမို့ ဖော်ပြလိုက်ရပါတယ်။


07 Jan 2019     1,814 Views




RELATED

Most Popular of Special or Others

Most Popular of NEWS