BEC-TERO TV

ကားအတွင်း မိုးပျံပူပေါင်း ပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်ကလေး ပြင်းထန်းစွာ ဒဏ်ရာရ

08 Jan 2019     1,893 Views


ဟိုက်ဒရိုဂျင်လေဖြည့်ထားတဲ့ မိုးပျံပူပေါင်းကို အိမ်စီးကားအတွင်း ကလေးက ကိုင်ထားစဉ် ရုပ်တရက် ပေါက်ကွဲသွားတာကြောင့် လူ ၃ ဦး ဒဏ်ရာရခဲ့ပြီး ၆ နှစ်အရွယ်ကလေးငယ်မှာ ဒဏ်ရာများ ပြင်းထန်ကြောင်း သိရှိရသည်။


ဇန်နဝါရီလ ၂ ရက်နေ့က ထိုင်းနိုင်ငံ မောင်နခွန်ပထောင်မှာ ဖြစ်ပွားခဲခြင်းဖြစ်သည်။ ဟိုက်ဒရိုဂျင် ဖြည့်ထားသော အရုပ်မိုးပျံပူပေါင်းကို ကလေးက ကိုင်ထားစဉ် ဟိုက်ဒရိုဂျင်လေစိမ့်ထွက်နေခဲ့သည်။ တစ်ချိန်ထဲမှာပင် အားသွင်းထားသော ဖုန်းပလပ်ကြိုးကို ရုပ်တရက်ဆွဲဖြုတ်လိုက်စဉ် စပတ်ခ်ရိုက်ကာမီးပွင့်လေး ဖြစ်သွားပြီးနောက် ဟိုက်ဒရိုဂျင်နဲ့ တွေ့ကာ မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နဲ့ပက်သက်ပြီး စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့ အကြီးအကဲ “ဆူဝမ်နာချိုင်း”၏ အဆိုအရ မိုးပျံအရုပ်ပူပေါင်းများတွင် ဟိုက်ဒရိုဂျင်အစား ဟီလီယမ် ဓါတ်ငွေ့ကို အသုံးပြုသင့်ကြောင်း၊ ဟီလီယမ်ဓါတ်ငွေ့က မီးလောင်ပေါက်ကွဲမှု အန္တရာယ်အလွန်နည်းကြောင်း ဒါပေမယ့် ဟိုက်ဒရိုဂျင်ထက် ဈေးကြီးကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဓာတ်ငွေဖြည့်ထားတဲ့ ပူပေါင်းတွေကို ကားထဲမှာ သိမ်းမထားသင့်ကြောင်း ကားရပ်နားထားစဉ် အပူရှိန်မြင့်တက်မှုကြောင့် ပေါက်ကွဲစေတ်သလို၊ လျှပ်စစ်မီးသီးတွေ မီးတောက်တွေနားမှာလည်း မထားသင့်ကြောင်း အကြံပေးထားပါတယ်။


08 Jan 2019     1,893 Views




RELATED

Most Popular of International News

Most Popular of NEWS