BEC-TERO TV

ပွဲတစ်ခုမှာ စပိုက်ဒါမန်းဝတ်စုံဝတ်ကာ သီချင်းဆိုဖျော်ဖြေခဲ့တဲ့ မြန်မာ့သူရဲကောင်း စည်သူပလပ်ကျွတ်

08 Jan 2019     1,406 Views


စည်သူပလပ်ကျွတ်ကိုတော့ အားလုံးသိမယ်လို့ထင်ပါတယ်။ ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်တစ်ဦးဖြစ်ပြီး သီချင်းတွေလဲ သီဆိုတဲ့ အဆိုရှင်တစ်ယောက်ဖြစ်ပါတယ်။ စည်သူပလပ်ကျွတ်ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ မရှိသေးတဲ့ စူပါဟီးရိုးဇာတ်ကောင်တွေကို အသက်သွင်းကာ ရုပ်ရှင်ရိုက်ကူးနေတဲ့ မြန်မာ့သူရဲကောင်းဟီးရိုးကြီးဆိုလဲ မမှားပါဘူး။ ဟိုးယခင်ကတည်းက သူမတူတဲ့ဖက်ရှင်တွေကို ၀တ်စားပြီး လူထုပရိသတ်တွေကြား ထင်ပေါ်လာသူပဲဖြစ်ပါတယ်။



သိပ်မကြာသေးမီကလဲ စည်သူပလပ်ကျွတ်တစ်ယောက် အနီရောင်သူရဲကောင်းဝတ်စုံကြီးနဲ့ ရိုက်ကူးနေတဲ့ရုပ်ရှင်ပုံရိပ်တွေကြောင့် ပရိသတ်တွေကြား ပြောစမှတ်ဖြစ်ကာ နာမည်ကြီးထင်ရှားခဲ့တာပဲဖြစ်ပါတယ်။ “ဇာမဏီအသဲနဲ့ မြန်မာပြည်ထဲက သူရဲကောင်း” ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို တကယ့်သူရဲကောင်းတစ်ယောက်လို အားမာန်အပြည့်နဲ့ရိုက်ကူးနေတဲ့ ပုံရိပ်တွေကြောင့် အားပေးသူတွေများစွာရရှိခဲ့သလို တစ်ချို့သောသူတွေရဲ့ဝေဖန်မှုတွေကိုလဲ ခံခဲ့ရပါတယ်။ ဘာပဲပြောပြော စည်သူပလပ်ကျွတ်ဆိုရင် မြန်မာပြည်ကသူရဲကောင်းလို့ ပရိသတ်တွေကတော့ သိသွားကြပါပြီ။


အထူးအဆန်းဖက်ရှင်တွေကို ၀တ်ဆင်တတ်တဲ့ စည်သူပလပ်ကျွတ်တစ်ယောက်ကတော့ လတ်တလောကို ရုပ်ရှင်ရိုက်၊ သီချင်းတွေလိုက်လံဖျော်ဖြေရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ ဒါ့အပြင် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခုမှာတာ့ Super Hero ဖြစ်တဲ့ စမိုက်ဒါမန်းဝတ်စုံကြီးဝတ်ကာ ပရိသတ်တွေကို အားရပါးရသီချင်းသီဆိုဖျော်ဖြေခဲ့ပါတယ်။


စပိုက်ဒါမန်းဝတ်စုံနဲ့ သီချင်းသီဆိုဖျော်ဖြေနေတဲ့ ဗီဒီယိုဖိုင်ကိုတော့ သူ့ရဲ့လှုမှုကွန်ယက်မှာတင်ထားတာဖြစ်ပြီး အားပေးကြသူတွေရှိသလို ဝေဖန်ကြသူတွေလဲ ရှိနေပါတယ်။ ဘယ်လိုပင်ဆိုဆို စည်သူပလပ်ကျွတ်ကတော့ သူ့ရဲ့ဗီဒီယိုလေးကို အားပေးကြလို့ ၀မ်းသာနေတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် စည်သူပလပ်ကျွတ်ကနေ စပိုက်ဒါမန်းဖြစ်သွားတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။




08 Jan 2019     1,406 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment