BEC-TERO TV

Golden Globes ဆုပေးပွဲမှာလေဒီဂါဂါ ကို Surprise ဖြစ်စေခဲ့တဲ့ တေလာဆွစ်ဖ်

08 Jan 2019     1,273 Views


အမေရိကန် နိုင်ငံ၊ ဟောလိဝုဒ်ရဲ့ အထင်ကရရုပ်ရှင်ဆုပေးပွဲတစ်ခုဖြစ်တဲ့ Golden Globes ဆုပေးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇) ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills မှာစည်ကားသိုက်မြိုက်စွာကျင်းပခဲ့တာပါ။


နာမည်ကြီး ဟောလိဝုဒ်အနုပညာရှင်များတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာဆုများကို ဆွတ်ခူးရရှိခဲ့ကြပါတယ်။ ထိုပွဲမှာ နာမည်ကျော်ဟောလိဝုဒ်အဆိုတော် လေဒီဂါဂါ လဲ တက်ရောက်ခဲ့ပါတယ်။

 

လေဒီဂါဂါတစ်ယောက် ၂၀၁၈ ခုနှစ်မှာ သူမ လုပ်လေ့မရှိတဲ့ သရုပ်ဆောင်ခြင်းအလုပ်ကို စတင်လုပ်ကိုင်ခဲ့တာပါ။ အားလုံးသိတဲ့အတိုင်း ထိုကားကလဲ အရမ်းပေါက်သွားခဲ့ပါတယ်။ ဇာတ်ကားနာမည်ကတော့ A Star is Born ပါ။ ဒီကားဟာ ၁၉၇၃ ခုနှစ်က ဇာတ်ကားကိုပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပြီး မင်းသား Bradley Cooper ရဲ့ ပထမဦးဆုံး ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။


ဒီကားကို ၁၉၅၄ မှာတစ်ခါ ၁၉၇၆ မှာတစ်ခါ ပြန်လည်ရိုက်ကူးဖူးခဲ့တာမျိုးတွေလဲရှိပါတယ်။ A star is born ရုပ်ရှင်ဇာတ်ကားကြီးဟာ လေဒီဂါဂါရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဂါဂါတစ်ယောက် သီချင်းတွေလုပ်တဲ့နေရာမှာ ဆရာမကြီးဖြစ်ပေမယ့် သရုပ်ဆောင်တဲ့နေရာမှာလဲ ပြောစရာမလိုအောင် အကွက်စေ့ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူမရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုကြောင့် လူတွေက သူမကို လေဒီဂါဂါလို့တောင်မမြင်တော့ပဲ A Star is Born ထဲက Ally အနေနဲ့တောင် မြင်လာကြတယ်လို့ဆိုပါတယ်။


A Star is born ဇာတ်ကားမှာပါဝင်တဲ့ Shallow ဆိုတဲ့ဇာတ်ဝင်သီချင်းဟာ အရမ်းကိုပေါက်သွားခဲ့တာပါ။ ဂါဂါဟာ ဒီသီချင်းကို Bradley Cooper နဲ့တွဲဖက်သီဆိုခဲ့တာဖြစ်ပါတယ်။ လေဒီဂါဂါ ဟာ A Star is born ဇာတ်ကား နဲ့ Best Performance by and actress နဲ့ Best Original Song ကိုရရှိခဲ့ပါတယ်။ ဒီဆုကို ကြေငြာဖို့ တေလာဆွစ်ဖ်ဟာ Golden Globes ပွဲမှာ ဂါဂါ့ကို Surprise လုပ်ဖို့ထွက်ပေါ်လာခဲ့ပါတယ်။ တေလာဆွစ်ဖ်နဲ့ ကမ္ဘာပေါ်မှာ The most handsome ဆုကိုရရှိထားတဲ့ မင်းသား Idris Elba တို့က စင်ပေါ်ကိုအတူတက်ရောက်ပြီး ဆုကို ကြေငြာပေးခဲ့တာဖြစ်ပါတယ်။



တေလာဆွစ်ဖ်ကိုချစ်တဲ့ ပရိတ်သတ်ကြီးရော၊ ဂါဂါကိုချစ်တဲ့ပရိတ်သတ်ရော သူတို့နှစ်ယောက်ရဲ့ ချစ်ခင်ဖွယ်စင်ပေါ်မှာတွဲဖက် မြင်ရတာကို တွစ်တာတစ်ခွင်မှာ ပြောမဆုံးနိုင်ဖြစ်နေပါတော့တယ်။ ပရိတ်သတ်ကြီးရော တေလာနဲ့ ဂါဂါတို့ကို ချစ်တယ်ဆိုရင် like&share လုပ်ပေးကြဖို့လဲ မမေ့ကြနဲ့ဦးနော်။


08 Jan 2019     1,273 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS