BEC-TERO TV

ညီမအရင်း ဆွိဝတ်ရည်သောင်းရဲ့ချစ်စဖွယ်စနောက်မှုကိုခံလိုက်ရတဲ့ မအေးသောင်း

08 Jan 2019     1,665 Views


တစ်ချိန်က သီချင်းဗွီဒီယိုတွေမှာ ရှုမညီးအောင်သရုပ်ဆောင်ခဲ့တဲ့ မနှင်းဝတ်ရည်သောင်းကိုတော့ ပရိတ်သတ်ကြီး ကိုအထူးတလည်မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်း တို့ ညီအစ်မတစ်တွေဆိုရင် မသိသူမရှိသလောက်ပါပဲ။ဟိုအရင်ချိန်က ညီအစ်မသုံးယောက်လုံးပါဝင်တဲ့ ကားတွေများကြည့်ရရင်ကြည့်ကောင်းလိုက်တာလဲ ပြောမနေပါနဲ့တော့။


ပြီးခဲ့တဲ့ ရက်အနည်းငယ်က မအေးသောင်းဟာငွေဆောင်ကမ်းခြေကို ရောက်ရှိနေခဲ့ပြီး သူမရဲ့ ကမ်းခြေအလှအပပုံတွေကို လူမှုကွန်ယက် ဖေ့ဘွတ်ခ်စာမျက်နှာမှာတင်ခဲ့ပါတယ်။ ယမန်နေ့ ညအချိန်အခါမှာ ကမ်းခြေမှာ ဂါဝန် စကတ်အနီလေးနဲ့ ချစ်စဖွယ်ပြေးလွှားနေတဲ့ဗွီဒီယိုဖိုင်လေးကို ‘ချစ်လား’ ဆိုတဲ့ caption နဲ့အတူ မမအေးသောင်းက သူ့ရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်ခ်အကောင့်မှာတင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ ‘ချစ်တယ်’ ‘အရမ်းလှတယ်မမ’ အစရှိသဖြင့် ချစ်စဖွယ် တုံ့ပြန်မှုလေးတွေရရှိခဲ့ပါတယ်။



မအေးသောင်းတစ်ယောက် ကမ်းခြေမှာ ကလေးတစ်ယောက်လိုပြေးလွှားဆော့ကစားနေတဲ့ပုံရိပ်ကို ညီမဖြစ်သူ ဆွိဝတ်ရည်သောင်းက ချစ်စဖွယ် ပြန်ပြီးစနောက်လိုက်ပါတယ်။ ဆွိဝတ်ရည်သောင်းက အစ်မဖြစ်သူမအေးသောင်း ကမ်းခြေမှာပြေးလွှားဆော့ကစားနေပုံနဲ့ တစ်ထပ်တည်း တူတောင်လုပ်ပြီး မီးဖိုခန်းထဲမှာရိုက်ကူးခဲ့တာပါ။ မအေးသောင်းကလဲ သူ့ညီမကို ပြန်နောက်တဲ့အနေနဲ့ “ရီရလို့အူတက် အမျိုးအရင်းကသစ္စာဖောက်တာ အငယ်မ Troll တာပြန်ခံရတာနာတာပဲ” လို့ရေးသားခဲ့ပါတယ်။


ညီအစ်မတစ်တွေဆိုတာဒီလိုပါပဲ။ စနောက်လိုက်၊ စိတ်ကောက်လိုက်နဲ့ ပျော်စရာအချိန်အခါတွေကိုလဲ အတူဖြတ်သန်း၊ စိတ်ညစ်စရာရှိလို့ရင်ဖွင့်တိုင်ပင်ချင်တယ်ဆိုရင်လဲ အနီးဆုံးလူက ညီအစ်မတွေပဲမဟုတ်ပါလား။ ဒါကိုအစ်မ၊ ညီမရှိတဲ့လူတွေအကုန်နားလည်ကြမှာပါ။ အားလုံးပဲ မမအေးသောင်းတို့ညီအစ်မတစ်တွေကိုချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ကြပါနဲ့နော်။



08 Jan 2019     1,665 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS