သူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်ခဲ့တဲ့ Wonder Woman မင်းသမီး Gal Gadot
09 Jan 2019 1,529 Views

Wonder Woman ရဲ့ အဓိကဇာတ်ဆောင်မင်းသမီး Gal Gadot ဟာ လက်တလောမှာ သူမမိတ်ဆွေ သူငယ်ချင်း (၅) ဦးနဲ့ အတူ ကမ်းခြေကို အပန်းဖြေခရီးထွက်နေတာဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ Gal ဟာ ဒီခရီးစဉ်ကို နောက်ထွက်ရှိမယ့် Wonder Woman Sequel ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူး အပြီးမှာထွက်ခဲ့တာဖြစ်ပါတယ်။ သူမအပါအဝင် သူငယ်ချင်း (၆) ယောက်အဖွဲ့ထဲမှာ အစ္စရေးမင်းသမီးများဖြစ်တဲ့ Rotem Sela , Yael Goldman နဲ့ Maya Dagan တို့လဲပါဝင်ပါတယ်။ အစ္စရေးနိုင်ငံ ဇာတိဖွားဖြစ်တဲ့ Gal ဟာ အစ္စရေးမင်းသမီးတွေနဲ့ ခင်မင်တာမဆန်းပါဘူး။
ဒီဇင်ဘာလ (၈) ရက်နေ့မှာ Gal ကသူ့ရဲ့ instagram စာမျက်နှာမှာ သူငယ်ချင်းတွေနဲ့ ကမ်းခြေရောက်နေတဲ့ ပုံရိပ်တွေကို ဝေမျှခဲ့ပါတယ်။ ‘ကျွန်မ လေးစားပြီး ချစ်ရတဲ့အမျိုးသမီးတွေနဲ့ အတူခရီးထွက်ရတာ ကျွန်မလောက် ကံကောင်းတဲ့လူရှိတော့မှာမဟုတ်ပါဘူး။ လွတ်လပ်ပေါ့ပါးစွာရယ်မောခဲ့ကြပြီး ဘဝအတွက် အရေးအကြီးတဲ့အကြောင်းရာတွေကိုလဲ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဒီလို သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့နေရာမှာ ချစ်ရတဲ့သူတွေနဲ့အတူရှိရတာ ဘာနဲ့မှာမလဲနိုင်တော့ပါဘူး’ လို့ သူမကရေးသားထားပါတယ်။ သူမနဲ့ သူငယ်ချင်းတွေဒီလို အတူခရီးသွာနိုင်အောင်စီစဉ်ပေးတဲ့ ခရီးသွားအေဂျင်စီ Cavagroup ကိုလဲ ကျေးဇူးတင်ရှိတဲ့အကြောင်းရေးသားခဲ့ပါတယ်။
Gal ရဲ့ အသစ်ထွက်ရှိမယ့် Wonder Woman Sequel ဟာ နိုင်ငံ (၃) နိုင်ငံမှာ အဓိကတည်နေရာ (၄) နေရာထားပြီးရိုက်ကူးခဲ့တာပါတဲ့။ ဒီရုပ်ရှင် အတွက် ရိုက်ကူးရေး မန်ဘာစုစုပေါင်း အယောက်တစ်ထောင်နီးပါး ပါဝင်ခဲ့ရပါတယ်။ နေ့စဉ်နဲ့ အမျှ ဇာတ်ကား ရိုက်ကူးရေးမပြီးမချင်း အားလုံးအတူတကွ ကြိုးစားခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က သူမရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာမှာ တင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ လူကြိုက်များတဲ့ ဇာတ်ရုပ် Wonder Woman ကာရိုက်တာကိုလဲ သူမက အရမ်းကြိုက်နှစ်သက်ပါတယ်တဲ့။ Gal Gadot ဆိုတာ Wonder Woman ဆိုတဲ့ ကာရိုက်တာအတွက်ဖြစ်လာတဲ့ လူတစ်ယောက်လို့ ပြောရမလိုပါပဲ။ လွတ်လပ်ပေါ့ပါးတဲ့ အပြုံးနဲ့ ထက်မြက်တဲ့အသွင် ရှိတဲ့ Gal နဲ့ အင်မတန်မှလိုက်ဖက်ပါတယ်။ အားလုံးပဲ Gal ကို ချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ပါနဲ့နော်။