BEC-TERO TV

အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မိုဟာမက် ဆာလာ ရရှိ

09 Jan 2019     1,332 Views


လီဗာပူးလ်အသင်းတိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ၂ နှစ်ဆက်ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အီဂျစ်တိုက်စစ်မှူး ဆာလာက လီဗာပူးအသင်းဖော် ဆီနီဂေါတိုက်စစ်မှူး မာနေး နဲ့ အာဆင်နယ်အသင်းမှ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းတို့ကို ကျော်ဖြတ်ကာ အဆိုပါဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်အတွင်း လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားထားနိုင်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၄၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။


ဆာလာရဲ့ ခြေစွမ်းပြမှုနဲ့အတူ ပြီးခဲ့တဲ့ ရာသီက လီဗာပူးအသင်းကို ချန်ပီယံလိဂ် ဖိုင်နယ်အထိ တတ်ရောက်နိုင်ခဲပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကိုလည်း အောင်မြင်ခဲ့တာလည်း ဆာလာရဲ့ခြေစွမ်းက အဓိကကျခဲ့ပါတယ်။ အဆိုပါဆုကို ဆာလာဟာ ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ဆုပေးပွဲအခမ်းအနားမှာ အဆိုပါဆုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။



အီဂျစ်နိုင်ငံဟာ ၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသွားတယ်လို့ သိရပါတယ်။ တောင်အာဖရိကနိုင်ငံကလည်း ၂၀၁၉ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အီဂျစ်နဲ့အပြိုင် ကြိုးစားခဲ့ပေမယ့် အစိုးရရဲ့အားပေးထောက်ခံမှုမရရှိတဲ့အတွက် အီဂျစ်ကပဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသွားခဲ့တာပါ။


09 Jan 2019     1,332 Views




RELATED

Most Popular of Football

Most Popular of Sport