ပွဲစီစဉ်သူက ဂျင်းထည့်ခဲ့မှုကြောင့် အရှက်ရစေခဲ့တဲ့ ဇနီးမောင်နှံ
09 Jan 2019 1,829 Views

ဖီလစ်ပိုင်နိုင်ငံက စုံတွဲတစ်တွဲဟာ မင်္ဂလာပွဲစီစဉ်သူကြောင့် အဆင်မပြေဖြစ်ခဲ့ရပြီး ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေရှေ့မှာ ငိုကြွေးခဲ့ရတယ်လို့ သိရပါတယ်။ သူတို့ဟာမင်္ဂလာပွဲကို ပွဲစီစဉ်သူကို ယုံကြည်စိတ်ချစွာ အပ်နှံခဲ့ပေမဲ့ ပွဲစီစဉ်သူက ဂျင်းထည့်သွားခဲ့တာကြောင့် ဧည့်ပရိသတ်တွေရှေ့မှာ အရှက်ရစေခဲ့တာဖြစ်ပါတယ်။

ပွဲစီစဉ်သူကို ဝန်ဆောင်ခအဖြစ် ပီဆို (၁၄၀၀၀၀)အထိ ပေးချေခဲ့ရပြီး အထူးပြုလုပ်ထားတဲ့မင်္ဂလာကိတ်မုန့်ကို ဖော့တွေနဲ့ အတုပြုလုပ်ပြီး ဇနီးမောင်နှံကို ပေးအပ်ခဲ့တာပါ။ အဆိုပါ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ (၂၆၇၃)အထိ ရှိပါတယ်။

ကိတ်မုန့်ကို ဓားနဲ့လှီးမှ မင်္ဂလာကိတ်အတုမှန်း သိလိုက်ရလို့ သတို့သမီးမှာ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ ဧည့်သည်တွေစားသုံးဖို့အတွက် ဘအစားအစာမှ ပြင်ဆင်ခဲ့ခြင်းမရှိတာကြောင့် အနီနားက ဆိုင်တစ်ဆိုင်မှ မှာယူခဲ့ရပါတယ်။ မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ ဒီဇင်္ဘာ(၃)ရက်က Pasig City မြို့မှာ ကျင်းပခဲ့ကြတာပါ။

မင်္ဂလာမောင်နှံရဲ့အမည်ကတော့ Jhon Chen (၄၀)နှစ်နဲ့ Shine Tamayo (၂၆)နှစ်တို့ ဖြစ်ကြပါတယ်။ သူတို့ကို ဂျင်းထည့်သွားတဲ့ ပွဲစီစဉ်သူအမျိုးသမီးကို လုံးဝမကျေနပ်ဘဲ တရားစွဲဆိုခဲ့ပါတယ်။ ရဲက အဲဒီမင်္ဂလာပွဲစီစဉ်သူကို လိမ်လည်မှု၊ တစ်ဖက်သားကို နစ်နာစေမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။






