BEC-TERO TV

မကြာခင် ထုတ်လွှင့်တော့မယ့် ဇာတ်လမ်းတွဲအကြောင်းပြောပြလိုက်တဲ့ လီဂျောင်ဆော့

09 Jan 2019     1,878 Views


While you were sleeping ဇာတ်ကားရိုက်ကူးပြီးကတည်းက ရုပ်သံဇာတ်လမ်းတွေနဲ့ အဆက်ပြတ်နေတဲ့ မင်းသားလီဂျောင်ဆော့ဟာ မကြာခင်မှာထုတ်လွှင့်ပြသတော့မယ့် Romance is a Bonus Book ဇာတ်လမ်းတွဲနဲ့ ရုပ်သံကြိုက်တဲ့ ပရိတ်သတ်ရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။


ဒီကြားထဲမှာ မင်းသမီး Shin Hye Sun နဲ့ Hymn of Death ဆိုတဲ့ Netflix ဇာတ်လမ်းတွဲတစ်ခုတော့ ထွက်ရှိခဲ့ပါသေးတယ်။


အခုလက်ရှိ ရိုက်ကူးနေတဲ့ Romance is a Bonus Book ဇာတ်လမ်းတွဲမှာတော့ မင်းသမီး လီနာယောင်းနဲ့ ရိုက်ကူးရမှာပါ။ လီနာယောင်းဟာ မြန်မာပရိတ်သတ်တွေ ဆောင်းဦးရွက်ကြွေချစ်သက်သေထဲက ထယ်စောက်လို့သိကြတဲ့ မင်းသား ဝန်ဘင်းပဲ ဖြစ်ပါတယ်။ သူမဟာ ဇာတ်လမ်းတွဲတွေမရိုက်ကူးဖြစ်တာ အချိန်တော်တော်ကြာနေပါပြီ။ ရုပ်ရှင်ဇာတ်ကားကြီးတွေပဲ ရိုက်ကူးလေ့ရှိတဲ့ သူမ အခုပြန်လာပြီဆိုတော့ ဇာတ်ကားဟာ စိတ်ဝင်စားစရာပါပဲ။


လီဂျောင်ဆော့က သူမင်းသားမဖြစ်ခင်ကတည်းက လီနာယောင်းရဲ့ပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်းဝန်ခံခဲ့ဖူးပါတယ်။ လီနာယောင်းဟာ သူလေးစားအားကျရတဲ့ စီနီယာတစ်ယောက်ဖြစ်ပြီး ခရက်ရှ်ရတဲ့ မမတစ်ယောက်လဲဖြစ်ခဲ့ပါတယ်တဲ့။ တစ်ချိန်က သူငယ်ချင်းဖြစ်သူ မင်းသားကင်မ်ဝူဘင် က လီနာယောင်းနဲ့ Maxim coffee ကြော်ငြာအတူရိုက်ရတော့ ကင်မ်ဝူဘင်ကနေ တစ်ဆင့် လီနာယောင်းရဲ့ sign ကိုအရတောင်းခဲ့တယ်လို့ သိရပါတယ်။


အခုတော့ သူလေးစားရတဲ့စီနီယာ အစ်မနဲ့ ဇာတ်လမ်းတွဲအတူတွဲရိုက်ရတဲ့အတွက် ဂျောင်ဆော့တစ်ယောက်ပျော်နေမှာပါပဲ။ ဂျောင်ဆော့က ဇာတ်လမ်းတွဲ ရိုက်ကူးတာ ပြီးမယ့်ရက်နဲ့ အတူ ပရိတ်သတ်တွေနဲ့ တွေ့ဆုံဖို့ကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာတင်ခဲ့ပါတယ်။ Romance is a book bonus ဇာတ်ကားရိုက်ကူးရေးက ဖေဖော်ဝါရီလ ၂၀ မှာပြီးမှာဖြစ်ပြီး ရိုက်ကူးရေးပြီးတဲ့အချိန်မှာ ပရိတ်သတ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ အတတ်နိုင်ဆုံးစီစဉ်သွားမယ်လို့သိရပါတယ်။


 


09 Jan 2019     1,878 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS