BEC-TERO TV

နှင်းထုပြိုကျမှုကြောင့် စပိန်တောင်တတ်သမား ၃ ဦးနှင့် လမ်းပြတို့ သေဆုံး

09 Jan 2019     1,683 Views


ပီရူးနိုင်ငံ အင်ဒီးစ်တောင်တန်းဒေသမှာ နှင်းထုပြိုကျမှုအတွင်း စပိန်တောင်တက်သမား ၃ ဦးနဲ့ သူတို့ရဲ့ ပီရူးလူမျိုး လမ်းပြတို့ သေဆုံးသွားပါတယ်။

သူတို့အုပ်စုထဲက လူတဦးသာ အသက်ရှင်ခဲ့တာပါ။ တောင်တက်သမားအုပ်စုဟာ ပေ ၁ သောင်း ၆ ထောင့် ၄ ရာမြင့်တဲ့ နေဗာဒိုမာတီအို တောင်ထိပ်ကနေ ပြန်လာအပြီး ဇန်နဝါရီ ၆ ရက်က နှင်းထုပြိုချိန် ဘေးသင့်ခဲ့တာပါ။

 

ပီရူး အမျိုးသားရဲဌာန တောင်တက်တပ်ဖွဲ့ဟာ အလောင်းတွေပြန်ရရေးနဲ့ အခင်းဖြစ်ရာ အန်ကက်ရှ်ဒေသရဲ့ မြို့တော် ဟွာရက်ဇ်က ရင်ခွဲရုံဆီ အလောင်းတွေကို ပြန်ပို့ရေး ဘေးကြီးတဲ့ အနေအထားတွေမှာ အလုပ်လုပ်နေတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။

 


နေဇာဒို မာတီယိုတောင်ဟာ တောင်တက်ရတာကို ကြိုက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ လူကြိုက်များတဲ့တောင်ထိပ် ဖြစ်ပါတယ်။


09 Jan 2019     1,683 Views




RELATED

Most Popular of International News

Most Popular of NEWS