BEC-TERO TV

(၁၀) နှစ်ကျော်ကြာပြီးမှ ပရိတ်သတ်ရှေ့ သီချင်းအသစ်နဲ့ပြန်ရောက်လာတဲ့ အီတိုး

09 Jan 2019     1,497 Views


ဆေးပေါင်းခတဲ့ည တေးသံရှင် ဦးညီထွဋ္ဋ် ရဲ့သား အီတိုးဆိုရင်တော့ ပရိတ်သတ်ကြီးကို အထူးတလည်မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ တစ်ချိန်က အဖေဖြစ်သူ ဇော်ဝင်းထွဋ္ဋ်ရဲ့ သီချင်းတွေ စတိတ်ရှိုးတွေမှာအတူ ‘ပဲ့ကိုင်ရှင်’ ၊ ‘ရွက်လွှင့်ခြင်း’ သီချင်း တွေမှာ အဖေနဲ့ အတူ သီချင်းလိုက်ဆိုခဲ့တဲ့ ကောင်လေး အီတိုးဟာ သီချင်းအသစ်တွေမဆိုဖြစ်တာ အချိန်အတော်ကြာမြှင့်ခဲ့ပြီဖြစ်ပါတယ်။



ပြီးခဲ့တဲ့ တန်ဆောင်တိုင်ည ‘ဆေးပေါင်းခတဲ့ည’ မှာအီတိုးဟာ အဖေဖြစ်သူဦးညီထွဋ္ဋ်၊ စည်သူလွင်၊ ရင်ဂို၊ကျားပေါက်တို့ နဲ့အတူ ပါဝင်ဖျော်ဖြေသီဆိုခဲ့ပါတယ်။ အဖေ့ရဲ့ သွေးတွေကိုယ်ထဲ စီးဆင်းနေတယ် ဆိုသလို သားဖြစ်သူကလဲ အဖေလိုမျိုး အရည်အချင်းရှိသူတစ်ယောက်ပါပဲ။

လက်ရှိမှာတော့ အီတိုးဟာ Ito-Universal Language ဆိုတဲ့ Band နဲ့အတူ သီချင်းတွေလုပ်နေတာပဲဖြစ်ပါတယ်။



တစ်ချိန်က ကျားပေါက်တို့၊ အီတိုးတို့ ဆိုရင် ဦးရင်ဂိုရဲ့သား၊ ဇော်ဝင်းထွဋ္ဋ်ရဲ့ သားဆိုပြီးမသိသူမရှိသလောက်ပါပဲ။ ကျားပေါက်ကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပြီးသီချင်းအသစ်တွေ ထွက်ရှိပေမယ့် အီတိုးကတော့ မထွက်ဖြစ်တာ ဆယ်နှစ်ကျော်လောက် ရှိခဲ့ပါပြီ။ ပရိတ်သတ်ကြီးလဲ အီတိုးရဲ့ သီချင်းအသစ်ကို ဘယ်လိုပုံစံအသစ်အဆန်း အိုင်ဒီယာ တွေနဲ့ သီဆိုထားလဲဆိုတာသိချင်လိမ့်မယ်ထင်ပါတယ်။ သီချင်းလေးကို ခံစားနားဆင်ကြည့်လိုက်ကြပါဦး။

 


 

 


09 Jan 2019     1,497 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS