BEC-TERO TV

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၀၅မိုင်တွင် ခရီးသည်တင်ယာဉ်တစ်စီး ဆိုးရွားစွာတိမ်းမှောက်

12 Aug 2015     1,721 Views


ရန်ကုန်မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၅ တွင် ခရီးသည် ၃၆ ဦး တင်ဆောင်လာသော ရွှေလီဦး ခရီးသည်တင် ယာဉ်လိုင်းမှ ယာဉ်တစ်စီး သြဂုတ် ၁၀ ရက် ညနေ ၆ နာရီဝန်းကျင် အချိန်ခန့်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ရှစ်ဦးသေဆုံးကာ ၂၈ ဦး ဒဏ်ရာရှိခဲ့ကြောင်း ည ၁၁ နာရီအထိ ရရှိသော သတင်းများအရ သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားသုံးဦး၊ အမျိုးသမီး ငါးဦးသေဆုံးကာ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၈ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
 

12 Aug 2015     1,721 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS