BEC-TERO TV

ဘောကောက် ဘဝမှ ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်လာတဲ့ ရီးရဲလ်ကစားသမားလေး

10 Jan 2019     1,755 Views


လူငယ်တွေအတွက် ကိုယ်လုပ်ချင်ရာ ကိုယ်ဖြစ်ချင်ရာ အိမ်မက်ကို ဖြစ်လာအောင် ဖန်တီးဖို့ဆိုရင် ကြိုးစားမှု ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ တစ်စိုက်မတ်မတ်နဲ့ အာရုံစူးစိုက်နိုင်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်သန်စွမ်းမှု တို့လိုအပ်ပါတယ်။

မန်စီးတီး အသင်းမှ ရီးရဲမက်ထရစ်ကို ရောက်ရှိလာတဲ့ ဘရာဟမ် ဒတ်ဇ် ရဲ့ ပရော်ဖက်ရှင်နယ် အားကစားသမား ဘဝဟာ လွယ်လွယ်ကူကူနဲ့ ရောက်ရှိလာခဲ့တာမဟုတ်ပါဘူး။ သူရဲ့ကြိုးစား အားထုတ်မှု ၊စိတ်ဓါတ်ကြံခိုင်မှု ၊ ကိုယ်စွမ်းကိုယ်စ နဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။


အခုရီးရဲလ်ကစားသမားလေး ဘရာဟမ် ဒတ်ဇ် ဟာ မန်စီးတီး အသင်းမှ ပေါင် သန်း၂၀ ဖြင့် ခု ဇန်နဝါရီ မှာ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။ သူအကြောင်းပြောရရင် လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူကို ဘယ်သူမှမသိ တဲ့ ဘောကောက် ကောင်းလေး တစ်ယောက်ဖြစ်ပါတယ်။


မာလာဂါအသင်းမှာ ဘောကောက်ခဲ့ချိန်က သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားတွေကို အားကျခဲ့ပါတယ်။နောက် သူ အင်စတာဂရမ်မှာ ပုံတစ်ပုံတင်ခဲ့ပါတယ်။ မာလာဂါရဲ့ စတားနှစ်ဦးဖြစ်တဲ့ ကာဇိုလာ နဲ့ အစ္စကို တို့ အောင်ပွဲခံစဉ်မှာ အားကျတဲ့ မျက်ဝန်းတစ်စုံနဲ့ ပုံလေးအောက်မှာ” ငါလည်းသူတို့လိုပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ချင်လိုက်တာ ” #ballboy ဆိုပြီးတင်ခဲ့ပါတယ်။


အခုချိန်မှာတော့ သူဖြစ်ချင်တဲ့ သူအိမ်မက်တွေ အမှန်တစ်ကယ်ဖြစ်လာပါပီ ။ သူဟာ အခုဆိုရင် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အဖြစ် ကမ္ဘာ့ အကောင်းဆုံးအသင်း ရီးရဲမက်ထရစ် အသင်းကြီးမှာ ကစားခွင့်ရတော့မှာပါ။၂ နှစ်ကျော်လေးအတွင်းမှာ ကြိုစားအားထုတ်ခဲ့တဲ့ ဘောကောက် ကောင်းလေး တစ်ယောက်ရဲ့ ရလဒ်ကတော့.... မြင်တဲ့အတိုင်းပါပဲ


10 Jan 2019     1,755 Views




RELATED

Most Popular of Football

Most Popular of Sport