BEC-TERO TV

ဇနီးသည်ရဲ့ ယုံကြည်မှုကို ပြန်ရဖို့ အပြစ်တွေကို တက်တူးထိုးပြီး တောင်းပန်လိုက်တဲ့ အမျိုးသား

10 Jan 2019     1,753 Views


အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက်ရဲ့ ယုံကြည်စိတ်ချမှုကို အလွဲသုံးစားလုပ်ခဲ့လို့ ယုံကြည်မှု ပျက်ပြယ်သွားပြီဆိုရင် ပြန်လည်တည်ဆောက်ဖို့ အလွန်ခဲယဉ်းပါတယ်။ အမှားတွေလုပ်ပြီးတိုင်း လွယ်လွယ်ဆေတာင်းပန်တတ်တဲ့သူဟာ နောက်ထပ်အမှားတွေကို လွယ်လွယ်လုပ်ဖို့ ဝန်မလေးဘူး ဆိုတဲ့စကားလည်း ရှိပါတယ်။

တက္ကဆက်ပြည်နယ်က အမျိုးသားတစ်ဦးက ဇနီးဖြစ်သူရဲ့ ယုံကြည်မှုတွေ ပြန်ရဖို့ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို သူ့ရဲ့ ရင်ဘတ်မှာ တက်တူးထိုးပြီး ဇနီးဖြစ်သူကို တောင်းပန်ခဲ့ပါတယ်။ အဆိုပါဓါတ်ပုံက လူမှုကွန်ယက်ပေါ်မှာ လျှင်မြန်စွာ ပျံ့နှံ့ခဲ့ပါတယ်။

Jose L. Torres လို့ အမည်ရတဲ့အမျိုးသားက ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ တက်တူးထိုးခဲ့ပြီး သူဟာ ဇနီးသည်အပေါ် လိမ်ညာခဲ့ကြောင်း၊ လှည့်စားခဲ့ကြောင်း၊ စိတ်တိုင်းကျချယ်လှယ်ခဲ့သူ ဖြစ်ကြောင်း၊ မလေးမစားဆက်ဆံခဲ့သူဖြစ်ကြောင်း စသည်ဖြင့် သူ့ရဲ့အပြစ်တွေကို တက်တူးရေးထိုးခဲ့ပါတယ်။ အဲဒီနောက် ပုံကို လူမှုကွန်ယက်ပေါ်တင်ပြီး ဇနီးသည်ကို တောင်းပန်ခဲ့ပါတယ်။


အိမ်သူသက်ထားဇနီးမယားအပေါ် အပြစ်လုပ်ထားလို့ တောင်းပန်စရာရှိရင် ၂၀၁၉ မှာ ဒီလိုတောင်းပန်ဖို့ သတိလိုက်ပါ။


10 Jan 2019     1,753 Views




RELATED

Most Popular of Special or Others

Most Popular of NEWS