BEC-TERO TV

ဆံပင်သန်လွန်းတဲ့ ၁ နှစ်သမီးငယ်လေး ရုပ်သံကြော်ငြာစတား ဖြစ်လာ (ရုပ်သံ)

11 Jan 2019     1,751 Views


ဂျပန်နိုင်ငံမှ ချစ်စရာကောင်းတဲ့ ၁ နှစ်အရွယ် သမီးငယ်လေးဟာ မွေးစကတည်းက ထူးထူးခြားခြား သန်စွမ်းဖြောင့်စင်းနေတဲ့ ဆံပင်ကြောင့် လူမှုကွန်ယက် အွန်လိုင်းသုံးစွဲသူတွေရဲ့ အသည်းကျော်လေးဖြစ်လာခဲ့ပြီး အခုဆိုရင် ခေါင်းလျှော်ရည်ကြော်ငြာရိုက်ကူးနေရတဲ့ ရုပ်သံစတားလေးတစ်ဦး ဖြစ်လာပါတယ်။


ကလေးရဲ့မိခင်ဖြစ်တဲ့ “မာမီကာနို” က “Baby Chanco” ဆိုတဲ့ အင်စတာဂရမ်အကောင့်ကို သမီးအတွက် ဖွင့်ထားခဲ့ပြီး ချစ်စဖွယ်ကောင်းတဲ့ သမီးလေးရဲ့ ဓါတ်ပုံတွေကို ၄ လသမီးအရွယ်လောက်ထဲက စပြီးတင်ပေးရာကနေ ၂၀၁၈ ခုနှစ် မေလလောက်မှာ အွန်လိုင်းသုံးသူတွေရဲ့ အသည်းကျော်လေး ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် ဖော်လိုဝါ ၃ သိန်းကျော်ရှိနေပြီး ဆံပင်အုံထူထူ၊ ဆံပင်သားကောင်းလွန်းတဲ့ ကလေးမလေးက အရမ်းချစ်စရာကောင်းပါတယ်။


ဒီလိုနာမည်ကြီးလာတဲ့ ကလေးလေးကို ပန်တီး(Pantene) ခေါင်းလျှော်ရည် ထုတ်လုပ်တဲ့ P&G ကုမ္ပဏီက မျက်စိကျသွားပြီး ကြော်ငြာရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ သူမအသက် ၁ နှစ်ပြည့်တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ဆံပင်အရောင်က သဘာဝအတိုင်း ထူးခြားစွာ ခဲရောင်ဖြစ်နေတဲ့ ဂျပန်ရုပ်သံအစီစဉ်တင်ဆက်သူ “ဆာတို ကွန်ဒို” တဲ့အတူ “Baby Chanco” လေးတို့ ပန်တီးခေါင်းလျှော်ရည်အတွက် ကြော်ငြာရိုက်ကူးခဲ့ကြပါတယ်။

ဒီကြော်ငြာလေးကိုတော့ “Hairy Tale” အဖြစ် ပုံဖော်ထားပြီး “Baby Chanco” က သူဟာ မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေတည်စဉ်ကတည်းက ဆံပင်သန်စွမ်းနေတာဖြစ်ကြောင်း ချစ်စရာကောင်းတဲ့ တင်ဆက်မှုပုံစံနဲ့ ဖန်တီးထားတာကို တွေ့မြင်ရပါလိမ့်မယ်။



ဆံပင်တွေသန်းလွန်းတဲ့ “Baby Chanco” လေးကို သူ့အမေက ဆံပင်ညှပ်ပေးလိုက်မှာကို အွန်လိုင်းဖန်တွေက စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် အင်တာဗျူးတစ်ခုမှာတော့ မိခင်ဖြစ်တဲ့ “မာမီကာနို” က သမီးရဲ့ ဆံပင်တွေကို ရှည်လာအောင် ထားမှာဖြစ်ပြီး ရှည်လာတဲ့အခါကျမှ ကျစ်ဆံမြီးလေးစည်းပေးထားမယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ “Baby Chanco” ဟာ အားလုံးရဲ့ အသည်းကျော်လေး ဖြစ်လို့နေပါတယ်။


11 Jan 2019     1,751 Views




RELATED

Most Popular of Special or Others

Most Popular of NEWS