BEC-TERO TV

သရုပ်ဆောင် ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ စုံတွဲ ကားချင်းပွတ်မိရာက ပြဿနာတက်

14 Jan 2019     1,375 Views


ဇန်နဝါရီလ ၁၂ ရင်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ကိုဘင်းနဲ့ မှုင်းယှဉ်မြင့်မိုရ်တို့ စုံတွဲမောင်းနှင်လာသော ကားမှ ယာဉ်ကြောအခြေအနေအရ လမ်းကြောထိန်းကြောင်းပေးနေမှုကြောင့် ယာဉ်ကြောပြောင်းပြန် မောင်းလာရသော ကားများထဲမှ တစ်စီးကို ပွတ်တိုက်ဆွဲသွားပြီး “မင်းတို့ကမှားတာ တိုက်မှာပဲ” ဟု ပြောဆိုခဲ့ကြောင်း တိုက်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးမှ “သမီးကြီး” အကောင့်ဖြင့် လူမှုကွန်ယက်ပေါ်တွင် ရေးသားဖော်ပြခဲ့ရာ ဝေဖန်မှုများပြားနေခဲ့သည်။
 
ဒီနေ့ညနေ၅နာရီလောက်မြောက်ဥက္ကလာလေဆိပ်သွားတဲ့လမ်းမှာ...ရထားလမ်းပိတ်ထားပါတယ်...လမ်းမကြီးမှာကားလမ်းပိတ်မှာစိုးတော့အဲဒီနားကစေတနာ့ဝန်ထမ်းတဦးက....ကားလမ်းရှင်းပေးပါတယ်...တဖက်ယာဉ်ကြောကလဲရှင်းနေတော့ကားတွေကိုယာဉ်ကြောပြောင်းပြန်ဝင်ခိုင်းပါတယ်...စုစုပေါင်း၎စီးမှာကျမတို့က၄စီးမြောက်ပါ....ကျမတို့ကား၎စီးကနီးစပ်ရာကားတွေနဲ့နားလည်မှုယူပြီးဝင်ကြရပါတယ်...ကျမတို့နောက်ကကားကYGN 1D/4363ပါ.... အဲဒီကားကလုံးဝလမ်းမပေးတဲ့အပြင်ကား back မှန်ကိုပွတ်ဆွဲပါတယ်. မှန်cover ပြုတ်ထွက်သွားပါတယ်... 
 
ကားချင်းညိပြီဆိုတော့ထုံးစံအတိုင်းကျမတို့ကားပေါ်ကဆင်းကြပါတယ်..အဲဒီအချိန်မှာဘဲအဲဒီကားကမောင်းပြေးပါတယ်...ဒါပေမဲ့အဲဒီနားကလူတွေကဝိုင်းတားထားတော့ခပ်လှမ်လှမ်းမှာရပ်သွားပါတယ်...ကျမအပြေးလိုက်သွားပြီးမှန်ကိုပုပ်ပြီးဖွင့်ခိုင်းပါတယ်...ဘေးကလူတွေကအဲဒါရုပ်ရှင်ထဲကလူတွေလို့ပြောပါတယ်...အမှန်အတိုင်းပြောရရင်ကျမသူတို့ကိုမသိပါဘူး.... 
 
 
ကားမှန်ဖွင့်ပြီးကားမောင်းတဲ့ကောင်လေးက မင်းတို့ကမှားတာတိုက်မှာဘဲလို့ ပြောပါတယ်... ရန်ကုန်မှာကားမောင်းနေကြတာ နားလည်မှုနဲ့မောင်းတာပါ... နောက်ပြီးကျမတို့လမ်းပြောင်းပြန်ဝင်တယ်ဆိုတာက.... စေတနာ့ဝန်ထမ်းလမ်းရှင်းပေတဲ့သူကဝင်ခိုင်းလို့ဝင်တာပါ... ဝင်မယ်ဆိုတော့လဲလက်ပြပါတယ်... သူကလမ်းမပေးတော့လဲမဝင်ဘဲနေတာကိုတမင်ပွတ်ဆွဲတာပါ.... နောက်ပြီး cover ဘဲပြုတ်တာကြီးကြီးမားမားပြသနာမဟုတ်ပါဘူး....ဒါပေမဲ့ကားချင်းညိပြီဆို ယဉ်ကျေးမှုအရဆင်းပြီး ပြေပြေလည်လည်ပြောဆိုညိနှိုင်းတောင်းပန်ပြီး ကိုယ်လမ်းကိုဆက်သွားကြရတာပါ... ဒါကိုဆင်းမလာတဲ့အပြင် မင်းတို့မှားတာတိုက်မှာဘဲဆိုတော့ ကျမတခွန်းဘဲပြန်ပြောလိုက်ပါတယ်... လောကကြီးမှာသတ်မှတ်ထားတဲ့ဥပဒေတွေလဲရှိတယ်.... ဥပဒေအရမသတ်မှတ်သော်လည်းထားသင့်တဲ့လူ့ကျင့်ဝတ်ကိုယ်ချင်းစာတရားဆိုတာရှိတယ်...မင်းတို့အလှည့်ကြမနွဲ့နဲ့ပေါ့ကွာလို့ပြောလိုက်ပါတယ်...
အဲဒီမှာကောင်မလေးကစွာစွာတလဲရန်ထောင်ပါတယ်... သူဘာတွေပြောလဲ အသေးစိတ်ပြန်မပြောတတ်ပေမဲ့ လက်ခုပ်တီးပြောနေတာတော့သေချာမှတ်မိနေပါတယ်... အော်လိုက်တာဆိုတာလဲဆူညံနေတာပါဘဲ..... ယာဉ်ထိမ်းရောက်လာတော့လဲ ကျမတို့ကဖြစ်စဉ်အသေးစိတ်ဘာ့ကြောင့်လမ်းပြောင်းပြန်ဝင်ရသလဲဆိုတာရှင်းပြပါတယ်....အဲဒီအချိန်ယာဉ်ကြောအခြေအနေကိုနားလည်တဲ့ယာဉ်ထိမ်းက သူနားလည်ကြောင်း ၂ဖက် တောင်းပန်ပြီးပြေပြေလည်လည်ပြောဖို့ပြောတာကို လုံးဝလက်မခံဘဲ ကောင်မလေးကအော်ဟစ်နေပါတယ်... ကျမလဲတော်တော်စိတ်တိုလာလို့တော်တော်ကိုပြောခဲ့ပါတယ်...မင်းတို့ celebrity ဖြစ်ပြီးပရိတ်သတ်ကို ဒီလိုဆက်ဆံသလား... မင်းတို့celebrityဖြစ်လာတာပရိတ်သတ်ရှိမှ cele ဖြစ်လာမှာလို့ပြောခဲ့ပါတယ်..... ကောင်မလေးက...ငါဘယ်သွားမှာလဲသိလား နင်တို့လိုအားနေတမဟုတ်ဘူးတဲ့... ကျမကဘာမှမပြောတော့...လေဆိပ်သွားမှာမအားဘူးတဲ....လေဆိပ်ဘာလုပ်ရမှာလဲ...လူတိုင်းသွားနေတာဆိုတော့...စစ်တပ်မွေးနေ့ပွဲသွားမလို့တဲ့.... ကျမလဲရီချင်လာတာနဲ့ရီပြီးစစ်တပ်လို့ပြောရင်ကြောက်မယ်ထင်လို့လားလို့မေးလိုက်ပါတယ်.... ဘေးကအမျိုးသမီးတယောက်က....စစ်တပ်ခေတ်က မပြီးသေးဘူးလားဟယ်လို့ပြောလိုက်တော့ အဲဒီကောင်မလေးပိုပြီးအော်ပါတော့တယ်...နောက်ဆုံးအဲဒီရပ်ကွက်တာာဝန်ရှိသူလို့ထင်ရတဲ့သူတွေရောက်မှဘဲအဲဒီ၂ယောက်သူတို့ကားဆီပြန်သွားပါတော့တယ်.....
 
 
ဒါကဖြစ်စဉ်အကျဉ်းပါ.... ကျမအံ့ဩတာက.....ရန်ကုန်မှာကားချင်းညိတာမဆန်းပါဘူး.....ဒီလိုဘဲနားလည်မှုနဲ့မောင်း....နားလည်မှုနဲ့သွားနေကြတာပါ...လျော်ကြေးဆိုတာလဲတော်ယုံမယူကြဘဲကျေနပ်ကြတာပါ....ဒါကိုငါမှန်တာဘဲဆိုပြီးတကိုယ်ကောင်းဆန်ဆန်မောင်း..ပြီတော့မောင်းပြေးတာကိုပါ....ဒါသာမာန်လူဆိုရင်တောင်ဘာမှမပြောလိုပေမဲ့... celeတယောက်အနေနဲ့တော့အံ့ဩမိပါတယ်... နောက်ပြီးceleတယောက်က စစ်တပ်လို့လွယ်လွယ်လေးသုံးသွားတာကိုပါ... မစဉ်းမစားစစ်တပ်မွေးနေ့လေဆိပ်သွားမလို့ဆိုတာကတော့ အရီချင်ဆုံးပါဘဲ... celeတယောက်အနေနဲ့ကားပေါ်ကဆင်းလာsorryပြောပြေလည်အောင်ဖြေရှင်းပြီးပရိတ်သတ်မေတာကိုယူဖို့မစဉ်းစားဘဲလမ်းမှအော်ဟစ်ရန်ဖြစ်ရဲတဲ့cele ကိုတော့အံ့ဩမိပါတယ်....
 

14 Jan 2019     1,375 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS