မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် ကမ်းခြေကအလန်းပုံတွေ တင်ပေးလိုက်တဲ့ သင်ဇာဝင့်ကျော်
14 Jan 2019 2,302 Views

Sexy ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်နိုင်လောက်တဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့ အမျိုးမျိုးသောမရိုးနိုင်တဲ့ ဖက်ရှင်ဆန်းတွေနဲ့ ဖေ့စ်ဘွတ်တစ်ခွင်ကိုတုန်ခါသွားအောင် လှုပ်ခါနိုင်စွမ်းရှိသူဖြစ်ပါတယ်။

ယခုနောက်ပိုင်း Sexy ကျကျဖက်ရှင်တွေကိုပဲ ပိုမိုဝတ်စားလာတာကြောင့် သူမရဲ့အလှတွေနဲ့နစ်မြောပြီးရင်း နစ်မြောနေကြတဲ့ ယောကျာ်းထုကြီးကတော့ သင်ဇာ့ဘက်ကနေ အခိုင်အမာကိုဝန်းရံရပ်တည်နေကြတာပါ။ ၂၀၁၉ ခုနှစ်မှာလည်း Sexy ပုံစံတွေကို နေရာဒေသလိုက်ပြီး ၀တ်စားဖြစ်ဦးမှာပါလို့ဆိုသူလေး သင်ဇာကတော့ လတ်တလောမှာ ချောင်းသာကမ်းခြေမှာ အပန်းဖြေနေတာပဲဖြစ်ပါတယ်။

ကမ်းခြေရောက်ခိုက် Swim suit လေးနဲ့လှပနေတဲ့ ပုံရိပ်တွေကိုတော့ သူမရဲ့ပုံအသစ်တွေကို မျှော်နေကြသူပရိသတ်အပေါင်းအတွက် မျှဝေထားတာပဲဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့်ကို ဆွဲဆောင်မှုတွေပိုနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။










