BEC-TERO TV

ချလ်ဆီးအသင်းမှ တိုက်စစ်မှူး မိုရာတာကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

14 Jan 2019     1,249 Views


ဘာစီလိုနာ အသင်းနည်းပြ ဗယ်ဗာဒီက ချလ်ဆီးအသင်းမှ တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို စိတ်ဝင်စားနေတာ လို့သိရပါတယ်။ ဘာစီလိုနာ အသင်းဟာ တိုက်စစ်မှူးကြီး ဆွာရက် အသက်ကြီးလာတာဖြစ်တာကြောင့် အနာဂါတ် တိုက်စစ်မှူးအဖြစ် မိုရာတာ ကို ခေါ်ယူဖိုစိတ်ဝင်စားနေတာဖြစ်ပါတယ်။.


ဘာစီလိုနာ အသင်းဟာပြီးခဲ့တဲ့သောကြာနေ့ ကမှ တိုက်စစ်မှူးလေး မူနီယား အာ ဆီးဗီးလား အသင်းထံရောင်းချခဲ့ပြီးနောက် အသင်းရဲ့ အနာဂတ်တိုက်စစ်မှူးနေရာအတွက မိုရာတာ အားအစားထိုးရန် ပစ်မှတ်ထားလျက်ရှိနေပါတယ်။


နည်းပြှဗယ်ဗာဒီ က အပြောင်းရွှေ့ ဈေးကွက်ဖွင့်နေတဲ့ကာလအတွင်းမှာ တိုက်စစ်မှူးသစ်တစ်ယောက်ရှာဖွေသွားမှာပါ။ အကယ်လိုသာ ခေါ်ယူနိုင်ခြင်းမရှိခဲ့ရင်တော့ အငယ်တန်းအသင်းမှခေါ်ယူသွားဖို့ ရန်အစီစဉ်တွေရှိနေပါတယ်။ ကစားသမားခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့စာရင်းမှာတော့ ထိပ်ဆုံးက မိုရာတာ ပါဝင်နေပါတယ်။ အပြောင်းရွှေ့ ကာလအတွင်းမှာ ခေါ်ယူနိုင်မလားဆိုဒါကိုတော့ ကျွန်တော့်အနေနဲ့ ပြောဆိုနိုင်ခြင်းမရှိသလို ဆက်လက်စောင့်ကြည့်သွားရအုံးမှာဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။


တိုက်စစ်မှူ မိုရာတာ ဟာ ရီးရဲလ် အသင်းမှပြီးခဲ့တဲ့(၂၀၁၇) ခုနှစ်တွင်ပေါင်(၆၀) သန်းဖြင့်ပြောင်းရွှေ့ လာခဲ့ပြီးအသင်းအတွက်ပြိုင်ပွဲစုံ(၇၂) ပွဲမှာ(၂၄) ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။အကယ်လို့သာ ခေါ်ယူနိုင်ခဲ့ပါက မိုရာတာကို လီယွန်နယ် မက်စီ တို့နဲ့ တွဲကစားတာကိုမြင်ခွင့်ရတော့မှာဖြစ်ပါတယ်။


14 Jan 2019     1,249 Views




RELATED

Most Popular of Football

Most Popular of Sport