BEC-TERO TV

ဝေဠုကျော်ရဲ့အကြောင်းတွေကို ပြင်းပြင်းထန်ထန်ထုတ်ဖော်ရေးသားလိုက်တဲ့ သင်းသင်း

14 Jan 2019     1,531 Views


အလှမယ်သင်းသင်းကတော့ သရုပ်ဆောင်မင်းသား ဝေဠုကျော်နဲ့ချစ်သူရည်းစားအဖြစ် ပတ်သက်ခဲ့ဖူးသူဖြစ်ပြီး ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့တရားစွဲဆိုရန် ပြင်ဆင်ခဲ့ရာမှ ပရိသတ်တွေကစတင်သိရှိခဲ့တာပဲဖြစ်ပါတယ်။ ဝေဠုကျော်နဲ့ (၈) လကြာမျှချစ်သူတွေဖြစ်ခဲ့ပြီးနောက် လမ်းခွဲပြတ်စဲသွားချိန်မှာတော့ ကာမလိမ်လည်ရယူမှုနဲ့တရားစွဲဆိုရန် ပြင်ဆင်ခဲ့တာဖြစ်ပြီး ယခုချိန်မှာတော့ ဝေဠုကျော်ကိုတရားစွဲဖို့ တရားရုံးမှာ ဦးတိုက်လျှောက်တင်ထားပြီးဖြစ်ပါတယ်။

သူမနဲ့ဝေဠုကျော်တို့ကြားက ဖြစ်ပျက်ခဲ့သမျှတွေကို မီဒီယာတွေကနေတစ်ဆင့် အသိပေးလိုက်တဲ့အချိန်မှာတော့ သင်းသင်းဘက်ကနေ ရပ်တည်နေသူတွေရှိသလို ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း ခံခဲ့ရပါတယ်။ ထိုကိစ္စတွေဖြစ်ပျက်နေချိန်မှာပဲ ဝေဠုကျော်နဲ့ကြေအေးလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့် သူမဘက်ကနေ အမှန်တရားပေါ်ပေါက်ဖို့အတွက် မည်သည့်အကြောင်းနဲ့မှ ကြေအေးပေးမှာမဟုတ်ဘူးလို့ ထပ်မံပြောကြားခဲ့ပြီး ယခုလိုမျိုးတရားစွဲဆိုခြင်းကလည်း ဝေဠုကျော်အပေါ်နစ်နာစေခြင်းမျိုးမရှိပဲ အမှန်တရားအတွက်လို့သာ ပြောကြားခဲ့ပါတယ်။

ယနေ့မှာတော့ သင်းသင်းတစ်ယောက် သူမရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ ရင်တွင်းခံစားချက်တွေကို ပြင်းထန်စွာပေါက်ကွဲရေးသားခဲ့ပါတယ်။ ဘယ်သူဘယ်ဝါလို့ မရေးထားပေမယ့်လည်း သူမရေးသားထားတဲ့အကြောင်းများအရ ဝေဠုကျော်ကိုညွှန်းဆိုရေးသားထားခြင်းဖြစ်တယ်လို့ ယူဆရပြီး ဝေဠုကျော်ရဲ့အကြောင်းတွေကိုပါ ထုတ်ဖော်ရေးသားခဲ့တာပဲဖြစ်ပါတယ်။

သင်းသင်းရေးထားတာကတော့ “သနားပါတယ် အတူသွားတဲ့နေရာတွေ တွဲမတင်ရဲဘူးလား… နင့်တို့နှစ်ယောက်စနှိုက်ကြော်ပြီးငါ့ကိုအရူးလုပ်တာဘယ်တော့မှမမေ့ဘူးအေးပေါ့လေသူလိုဖာအကြီးစာမကြ အဆင့်တန်းအရမ်းရှိကြတဲ့ မိသားစုလေ တစ်ချိုန်ကktv မာဆက်မှာ soe soe tအမည်နဲ့လေ အခုပိုက်ဆံချမ်းသာတော့ ဖာကိုမြှောက်စား အကြွင်းအကျန်စားရတာဒီထက်ဆိုးစရာလူရှိလား ဇရပ်တောင်ပန်ကျိုးနဲ့ ကြောင်ဂတွင်းပျက်လေ ပိုက်ဆံရှိတော့ ဖုန်းဖိထားတာလား ဟဟဟဟဟဟဟဟဟဟဟဟဟပဲသိလား လုပ်ကွက်ကရိုးလွန်းတယ်သိလား မီဒီယာတွေကိုယ့်ဘာသာဖြန့်လိုက်ပါ အခုဘာမှဟုတ်တဲ့ ဟာတတ်လာတာ ငါအာရုံနောက်တယ် ကျမကိုဖုန်းနဲ့မေးကြသူများ ကျမနဲ့လုံးဝမသက်ဆိုင်တော့လို့ ခိုးစားနေတဲ့ လင်မယားကိုမေးလိုက်ကြပါလို့ မေတ္တာ ရပ်ခံပါတယ် ကျမကိုကျက်သရေမရှိတဲ့နာမည်တွေကိုလာမမေးကြပါနဲ့ အကုသိုလ်များလို့ပါ စောက်ရှက်မရှိတဲ့ မျက်နှာနှစ်ခုသာမေးလိုက်ကြပါရှင့်” ဆိုကာ သူမနဲ့ဘာမှမသက်ဆိုင်တော့လို့ သက်ဆိုင်သူနှစ်ယောက်ကိုသာ သိချင်တာတွေမေးမြန်းကြဖို့ မေတ္တာရပ်ခံလိုက်တာပဲဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ့မတိုင်ခင်မှာလည်း သူမရင်ထဲက ခံစားချက်တွေကို ပေါက်ကွဲစွာနဲ့ ပြင်းပြင်းထန်ထန်ရေးသားထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။

“စောက်ကောင်းမနဲ့ အကောင် နင့်တို့ဘာသာ စောက်ရှက်မရှိတဲ့မျက်ခွက်နဲ့ ကြိုက်တဲ့နေရာသွား သိလား အခုမှ အကောင်မနင့်ကိုယ့်နင့်ဘယ်လိုမိန်းမလဲပြန်ကြည့် ငါ့နဲ့ပတ်သတ်တုံးကလဲ အဲ့အကောင်ဝန်မခံဘူး အကောင်မကိုလဲphဆက်မေးတယ်ပြောတယ် နှစ်ယောက်လုံးခွေးစိတ်နဲ့ စနှိုက်ကြော်နေကြတာလေ ဖာဆံဆံအကွက်တွေနဲ့ ငါ့နဲ့တုံးကလဲခိုးစားကြတာ တစ်ယောက်မှဝန်မခံဘူး အကောင်ကလဲ အမြဲတောင်းပန် အကောင်မကလဲဝန်မခံဘူး phပြောတိုင်း ငါ့ကိုနင့်ဘာပြောလဲ အေးအခုသတ္တိရှိရင်ပေါ်တင်သာတွဲ ခိုးစားမနေနဲ့တော့ သိလား… အေးအခုpostတတ်လာလို့ နင့်တို့ဝင်မန့်ထားတာကြ ဖျက်ထားတယ် နင့်တို့နှစ်ယောက်လို စိတ်ဓာတ်ကအဆင့်တန်းမရှိတဲ့ဟာကို ငါစိတ်မဝင်စားဘူး ဖွှမနေနဲ့ ကိုယ့်ဘာသာဖွှကြဟေ့ အကွက်တွေက ကလေးအထှာတွေ… အသက်တွေကကြီးပြီ အပေါ်ယံတော့ လူကြီးလူကောင်းလိုလို နဲ့ သနားကြင်နာတတ်သလိုလို စောက်ရှက်မရှိတဲ့ ရုပ်နှစ်ရုပ်မလို့ ခေါင်းထဲမပြောနဲ့ ဟိုဟာထဲတောင်မရှိဘူး.. တစ်ခုပြောမယ် အယ်မ နင့်တို့နှစ်ယောက် အရမ်းလိုက်ဖက်တယ်သိလား” ဆိုပြီး သူမရဲ့လူမှုကွန်ယက်ပေါ်မှာရေးသားထားတာပဲဖြစ်ပါတယ်။ ယခုလိုမျိုး သင်းသင်းဘက်ကသာ ပေါက်ကွဲနေခဲ့ပေမယ့် ဝေဠုကျော်ဘက်ကတော့ ပြဿနာတွေစဖြစ်ပေါ်ခြင်း အင်တာဗျူးဖြေကြားခဲ့တာလွဲပြီး ယခုချိန်ထိ ဘာကိုမျှခွန်းတုံ့ပြန်ပြောဆိုထားခြင်းတော့ မရှိသေးပါဘူး။ ဘယ်လိုအမှန်တရားတွေ ပေါ်ထွက်လာဦးမလဲဆိုတာကတော့ ဆက်စောင့်ကြည့်ရဦးမှာပါနော် ပရိသတ်ကြီးရေ....

 

 


14 Jan 2019     1,531 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS