BEC-TERO TV

စွန်ပလွန်သီးစားသုံးခြင်းရဲ့ ကျန်းမာရေးအကျိုးထူး (၁၀)ပါး

14 Jan 2019     1,815 Views


စျေးလည်းမကြီးပဲ စူပါမားကတ်တွေမှာ အလွယ်တစ်ကူရရှိနိုင်တဲ့ စွန်ပလွန်သီးဟာ ကျန်းမာရေးအတွက် အများကြီး အထောက်အပံ့ပေးတဲ့ အစွမ်းထက်ဆုံး အဖိုးတန်အသီးဖြစ်ပါတယ်။ အများအားဖြင့် ယိုထိုးထားတဲ့ ပုံစံနဲ့ တွေ့ရတတ်တဲ့ စွန်ပလွန်သီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗိုက်တာမင်များ၊ အမျှင်ဓာတ်တို့အပြင် ပိုတက်စီယံနဲ့ အန်တီအောက်ဆီဒင့်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ်ပုံမှန် စားသုံးခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးထူးများကတော့ - 
 
၁။ ဝမ်းချုပ်ခြင်းမဖြစ်စေ
လူအတော်များများဟာ အကြောင်းအမျိုးမျို့ကြောင့် ဝမ်းချုပ်တယ်ကြပါတယ်။ အကယ်၍ စွန်ပလွန်သီးကို နေ့စဉ် ၃ လုံးခန့် စားသုံးပါက ဝမ်းချုပ်ခြင်းကို မဖြစ်စေနိုင်ပါ။
 
၂။ နှလုံးကျန်းမာရေးကောင်းခြင်း
စွန်ပလွန်သီးမှာ ပါဝင်တဲ့ အန်တီအောက်ဆီဒင့်နဲ့ အမျှင်ဓာတ်တွေက နှလုံးသွေကြောအားကောင်းအောင် အထောက်အပံ့ပေးတဲ့အတွက် သွေးကြောတွင်းမှာ ပိတ်ဆို့မှုတွေ မဖြစ်စေပဲ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။
 
၃။ ကိုလက်စထရော ထိန်းညှိခြင်း
စွန်ပလွန်သီးမှာ ဗိုက်တာမင် ဘီ၊ ဗိုက်တာမင် ကေ၊ သံဓါတ်နဲ့ ပိုတက်စီယံ တို့ပါဝင်တာကြောင့် တစ်နေ့ကို ၃ လုံးပုံမှန်စားခြင်းဖြင့် ကိုလက်စထရော ပမာဏကို ထိန်းညှိပေးပြီး မကောင်းတဲ့ ကိုလက်စထရောတွေကို သွေးထဲကနေ ဖယ်ရှားပေးပါတယ်။ ကိုလက်စထရော လျော့ချချင်သူတွေအတွက် စွန်ပလွန်သီးက အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ်။
 
၄။ အရိုးများကြံ့ခိုင်ခြင်း
စွန်ပလွန်သီးဟာ အရိုးများရဲ့ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုတာ သုတေသီအများအပြားက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ကလေးငယ်များကို ငယ်စဉ်ကတည်းက စွန်ပလွန်သီးကျွေးခြင့်ဖြင့် အရိုးသန်စွမ်းကြီးထွားမှုကို များစွာအထောက်အကူဖြစ်စေပါတယ်။
 
၅။ သွေးဖိအားကို အထောက်အပံ့ဖြစ်စေ
စွန်ပလွန်သီးမှာပါဝင်တဲ့ သတ္တုဓါတ်နဲ့ အင်တီအောက်ဆီဒင့်၊ ပိုတက်စီယံတို့က သွေးဖိအားလှည့်ပတ်မှုကို မှန်ကန်အောင် ထိန်းညှိပေးတာကြောင့် ရုတ်တရက် သွေးတိုးခြင်း၊ သွေးကျခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
 
၆။ အမျိုးသားခွန်အားတိုးစေ
ရှေးဟောင်းအီဂျစ် အမျိုးသားတွေဟာ လိင်ဆက်ဆံခြင်းမှာ စွမ်းဆောင်ရည်မြင့်ဖို့ စွန်ပလွန်သီးကို အထူးအားထားခဲ့ကြရတယ်လို့ နှစ်ပေါင်း ၇၀၀၀ ခန့်က မှတ်တမ်းတွေမှာ တွေ့ရှိထားပါတယ်။ စွန်ပလွန်သီးစားခြင်းကြောင့် အမျိုးသားတွေရဲ့ လိင်စိတ်နိုးကြွမှုဟာ ပုံမှန်ထက် ထူးခြားလာလာပြီး စွမ်းဆောင်ရည်လည်း မြင့်လာမှာကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်နိုင်ပါတယ်။
 
၇။ ဦးနှောက်စွမ်းဆောင်ရည်မြှင့်တင်ခြင်း
ဦးနှောက်ကျန်းမာရေးကောင်းဖို့ စေ့ဆော်နိုင်တဲ့ အာနိသင် စွန်ပလွန်သီးမှာ ထင်ရှားစွာတွေ့ရပါတယ်။ စွန်ပလွန်သီး ပုံမှန်စားခြင်းဖြင့် ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်ပွားနိုင်ချေ လျော့ချပေးနိုင်ပြီး မှတ်ဉာဏ်အားကိုလည်း ပိုကောင်းလာစေပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် အလွန်သင့်လျော်တာမို့ နေစဉ် စွန်ပလွန်သီး ၃ လုံး ကျွေးဖြစ်အောင်ကျွေးပါ။
 
၈။ ဝိတ်တက်စေခြင်း
လူအတော်များများက ဝိတ်ကျစေတဲ့ နည်းလမ်းတွေကို ရှာဖွေကြတာ မှန်ပါတယ်။ ဒီလိုပဲ တစ်ဖက်မှာလည်း ကိုယ်ခန္ဓာအလေးချိန်နည်းပြီး သေးကွေးတဲ့ သူတွေကလည်း အသားတက်လာဖို့ နည်းလမ်းတွေ ရှာနေကြပါတယ်။ ဒါဆိုရင်တော့ စွန်ပလွန်သီးက အရိုးရှင်ဆုံး စွမ်းအားပြည့် ခွန်အားတက်စေတဲ့ အစားအစာဖြစ်ပါတယ်။
 
၉။ အသားအရေနဲ့ဆံပင်အတွက် အထောက်အကူပြု
စွန်ပလွန်သီးရဲ့ နောက်ထပ်လျှို့ဝှက်ချက်ကတော့ အိုမင်းရင့်ရော်မှုကိုတွန်းလှန်တဲ့ ဓာတ်သဘာဝတွေ သူမှာပါဝင်နေတာဖြစ်ပါတယ်။ ဟော်မုန်း မညီညွတ်မမျှတမှုတွေနဲ့ စောစီးစွာ ပါးရေနားရေ တွန့်ခြင်းတို့ကို တာဆီးပေးပါတယ်။
 
၁၀။ ကိုယ်ဝန်သည်တို့ရဲ့အဖော်
စွန်ပလွန်သီးက ကိုယ်ဝန်ဆောင် မိခင်တို့ကို အစွမ်းကုန်ကူညီမယ့် အဖော်မွန်ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်၊ ဗီတာမင် တို့က ကိုယ်ဝန်ဆောင်တွေကို လိပ်ခေါင်းဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို မဖြစ်စေပဲ ကလေးမွေးတဲ့အခါ ရှောရှောရူရူဖြစ်ဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
 
(ပိုပိုလေး)

14 Jan 2019     1,815 Views




RELATED

Most Popular of Health Fix

Most Popular of Life Style