BEC-TERO TV

(လုံးဝ)လိုက်မလုပ်ကြဖို့ သတိပေးလိုက်တဲ့ မီးတောက်ဆိုလို ဂစ်တာပညာရှင် (ရုပ်သံ)

15 Jan 2019     1,757 Views


မီးတောက်မီးလျှံတွေနဲ့ တန်ဆာဆင်ပြီး ဂစ်တာကို ဆိုလိုတီးခတ်ပြခဲ့တဲ့ ဂီတပညာရှင် ‘Davidlap’ က သူလုပ်သလို လိုက်မလုပ်ကြဖို့ ပရိသတ်တွေကို သတိပေးလိုက်ပါတယ်။
 
သူဟာ အထူးစီမံပြုလုပ်ထားတဲ့ လက်အိတ်ကို ဝတ်ဆင်ပြီး မီးလောင်နေတဲ့ လက်တစ်စုံနဲ့ တီးခတ်ပြသဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ရုပ်သံကို ကြည့်ပြီး အိမ်မှာ လိုပ်မလုပ်ကြဖို့ အောက်ပါအတိုင်း သတိပေးခဲ့ပါတယ်။
“ကျွန်တော်လုပ်သလို လိုက်ပြီး အတုမယူကြပါနဲ့၊ အရမ်းအန္တရာယ်များပါတယ်..! ဒီလက်အိတ်က ကျွန်တော့လက်ကို မီးမလောင်အောင် အထူးစီမံပြလုပ်ထားတာကြောင့် အဆင်ပြေနေတာပါ။ အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင်လည်း ဝင်ကူမယ့်အဖွဲ့ အသင့်ရှိထားပြီးသားဖြစ်ပါတယ်။ ဒီဗီဒီယိုရိုက်တဲ့အတွက် အပူလောင်တာတွေ ဂစ်တာ မီးလောင်တာတွေ ဘာမှ မဖြစ်ခဲ့ပါဘူး။ ထပ်ပြီး သတိပေးပါရစေ လုံးဝ လိုက်မလုပ်စေချင်ပါဘူး၊ အရမ်းအန္တရာယ်များပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။
 
 
ဒါကြောင့် ဂစ်တာကို ရူးသွပ်သူတွေအနေနဲ့လည်း ဒီရုပ်သံကို ကြည့်ပြီး လုံးဝ(လုံဝ)လိုက်မလုပ်ကြဖို့ ပိုပိုလေးက ထပ်မံ သတိပေးလိုက်ပါရစေ..။

15 Jan 2019     1,757 Views




RELATED

Most Popular of Special or Others

Most Popular of Life Style