BEC-TERO TV

ခင်ပွန်းသည်ရဲ့လက်ကိုဆုပ်ကိုင်ကာ ပွဲအလယ်ကိုဝင့်ကြွားစွာ တက်လှမ်းခဲ့တဲ့ ရွှေမှုန်ရတီ

15 Jan 2019     1,284 Views


နိုင်ငံကျော်ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ရွှေမှုန်ရတီကတော့ သူမရဲ့ပင်ကိုစတိုင်ဖြစ်တဲ့ ခပ်ချေချေပုံစံလေးကြောင့် ပရိသတ်တွေကရင်ထဲကနေချစ်နေခဲ့ရတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမလိုအောင်ကို ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေကြောင့် ထိပ်တန်းမင်းသမီးစာရင်းဝင်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။

ကြွေကျလောက်တဲ့ ဖက်ရှင်စတိုင်တွေနဲ့ အမြဲဂေါ်နေတတ်သူဖြစ်ပြီး ပရိသတ်တွေရဲ့အကြည့်တွေကို ဖမ်းစားနိုင်သူဖြစ်ပါတယ်။ ရွှေမှုန်လေးကတော့ ယခုဆိုရင် အဆိုတော်ရွှေထူးနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောက်လိုက်ပြီပဲဖြစ်ပါတယ်။ ပြင်းထန်တဲ့ဝေဖန်တိုက်ခိုက်မှုတွေကြားထဲက ရွှေလက်တွဲခဲ့ကြတဲ့ သူတို့နှစ်ယောက်ကတော့ ကိုယ်ချစ်ရတဲ့သူကိုလက်တွဲခွင့်ရခဲ့တာကြောင့် အတိုင်းထက်အလွန်ကိုပျော်ရွှင်နေကြပုံပါပဲ။

အမြဲဆိုသလို တစ်ယောက်တည်းသာပွဲတွေတက်ရောက်ခဲ့တဲ့ ရွှေမှုန်ကတော့ ယခုဆိုရင် ခင်ပွန်းဖြစ်သူရဲ့လက်ကိုတင်းတင်းကျပ်ဆုပ်ကိုင်ကာ နှစ်ယောက်အတူယှဉ်တွဲကာ ပွဲတွေတက်ရောက်လို့လာပါတယ်။ ရွှေထူးကလည်း ဇနီးဖြစ်သူကို ဂရုတစိုက်နဲ့ဖေးမကာ ကြင်ကြင်နာနာပွဲတက်လာတဲ့ ပုံရိပ်တွေကတော့ ဟောလိဝုဒ်စတားစုံတွဲတွေလိုပါပင်။ နှစ်ယောက်သားက လိုက်ဖက်ညီလွန်းလှတာကြောင့် မြင်ရသူအပေါင်းကို ချစ်ခင်နှစ်လိုဖွယ် အားကျစေမှာတော့အမှန်ပါပဲနော်။

ဒါ့အပြင် ရွှေမှုန်ကလည်း ဇနီးတစ်ယောက်ပီပီ ခင်ပွန်းဖြစ်သူရဲ့အောင်မြင်မှုတွေကို ၀မ်းသာမဆုံးဖြစ်လို့နေပါတယ်။ City FM ရဲ့ (၁၇) နှစ်ပြည့်အခမ်းအနားလေးမှာ ဆုရရှိခဲ့တဲ့ခင်ပွန်းဖြစ်သူအတွက် ၀မ်းသာကြည်နူးမဆုံးဖြစ်နေတဲ့ ရွှေမှုန်ရဲ့ပုံရိပ်တွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လို့နေကာ ပရိသတ်တိုင်းကြည်နူးမိနေရတဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်လက်တွဲထားနိုင်ခဲ့လို့ ဘယ်လိုတွေပျော်ရွှင်နေလဲဆိုတာကတော့ ရွှေစုံတွဲလေးရဲ့အပြုံးမျက်နှာတွေက သက်သေတွေပါပဲနော် ပရိသတ်ကြီးရေ....

 

 

 


15 Jan 2019     1,284 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment