BEC-TERO TV

သားဖြစ်သူ Brooklyn Beckham ရဲ့ ရည်းစားကအမေဖြစ်သူ ဗစ်တိုးရီးယားနဲ့ရုပ်ဆင်နေ

15 Jan 2019     1,470 Views


လူတိုင်းအားကျရတဲ့ ကမ္ဘာကျော်စုံတွဲ ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းဆိုရင် မသိသူမရှိသလောက်ပါပဲ။ ဗစ်တိုးရီးယားဘက်ခမ်း ဟာဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးထုကြီးရဲ့ စံနမူနာအမျိုးသမီးတစ်ဦးဆိုလဲမမှားပါဘူး။ သူမရဲ့ Brand တစ်ခုဖြစ်တဲ့ Victoria Secret ဆိုရင် အနောက်နိုင်ငံတွေသာမက အရှေ့တိုင်းဒေသ တွေမှာနာမည်ကြီးတဲ့ brand တစ်ခုပါပဲ။ Victoria Secret မှာမော်ဒယ်အနေနဲ့ ပါဝင်ရတဲ့ မော်ဒယ်တွေဆိုရင် တဟုန်ထိုးနာမည်ကြီးမော်ဒယ် ဖြစ်သွားတော့တာပါပဲ။


ထက်မြက်ပြီး ခက်ထန်တဲ့အသွင်ရှိတဲ့ သူမကို သားသမီးတွေကလဲ ချစ်ခင်လေးစားကြပါပဲ။ အားလုံးထဲမှာတော့ သားအကြီးဆုံး Brooklyn က သူ့ကို အလေးစားဆုံးနဲ့ အချစ်ခင်ဆုံးပါ။



အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ Brooklyn ဟာ ရည်းစားတွေအများကြီးထားဖူးပါတယ်။ သို့ပေမဲ့ လက်ရှိတွဲနေတဲ့ ရည်းစားကို အတိအလင်းကြေငြာခဲ့ပြီး မိဘတွေနဲ့ပါ မိတ်ဆက်ပေးခဲ့တာပါ။ Brooklyn ရဲ့လက်ရှိရည်းစားကတော့ Hanna Cross ဖြစ်ပြီး Select Model Management မှမော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

 


ထူးဆန်းတာလား တိုက်ဆိုင်မှုပဲလားမပြောတတ်ပေမယ့် Hanna Cross ဟာ မိခင်ဖြစ်သူ ဗစ်တိုးရီးယား နဲ့ အင်မတန်မှရုပ်ချင်း ဆင်တူလှပါတယ်။ Brooklyn ဟာနောက်ဆုံးတော့ အမေနဲ့တူတဲ့မိန်းကလေးကိုရှာတွေ့သွားပြီ လို့ မှတ်ချက်တွေပေးကြပါတယ်။

 


လေးထောင့်ကျတဲ့ မျက်နှာအနေအထားပုံစံ၊ တည်ငြိမ်ပြီး ခက်ထန်တဲ့ပုံစံ၊ အရယ်အပြုံးနည်းတဲ့ တွေကအစ ဗစ်တိုးရီးယားနဲ့တစ်ထပ်တည်းပါပဲ။ Brooklyn က Hanna ကိုမိဘနှစ်ပါးနဲ့အတူ ညစာစားဖို့ဖိတ်ခေါ်ခဲ့ပြီး ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့ကလဲဖော်ရွေပျူငှာစွာ ဆက်ဆံခဲ့ကြပါတယ်။ ဒီတစ်ယောက်ကတော့ Brooklyn ရဲ့ အမှန်အကန်သတို့သမီး လောင်းပဲဖြစ်လာတော့လေမလားဆိုပြီး ထင်ကြေးတွေလဲပေးနေကြပါတယ်။

 




 

 


15 Jan 2019     1,470 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS