BEC-TERO TV

၂၉ နှစ်ကြာ ဖလားမဲ့ ရာသီ ကိုချိုးဖျက်ပြီး ဒီနှစ် ပရီးမီးယား ဖလား အရယူမယ်ဟု မာနေးဆို

16 Jan 2019     1,736 Views


လီဗာပူးလ် ကစားသမား မာနေး ဟာ ၂၉ နှစ်ကြာ ဖလားလက်မဲ့ ရာသီကို ချိုးဖျက်ပြီး ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလား ရဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ် ။ 

လီဗာပူးလ် အသင်းဟာ ၂၀၁၄ ခုနှစ်က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ကောင်းရခဲ့ပေမဲ့ အသင်းခေါင်းဆောင် စတီဗင် ဂျာရက် ဟာ ခြေချှော်ခဲ့ပြီး ချလ်ဆီးအသင်းကစားသမား ဒမ်ဘားဘာက ဂိုး သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီး အဲရာသီမှာ ဖလားရဖို့အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။

“ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာကို သက်သေပြသွားမှာပါ။ ဒီနှစ်ဟာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးကောင်းဖြစ်ပြီး ပရီးမီးယားလိဂ် ဖလား ရဖို ကြိုးစားသွားမယ် “ လို့ မာနေးက ဆိုပါတယ်။

ဒီနှစ်ရာသီမှာ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားဦးဆောင်နေပြီး ဒုတိယ နေရာက မန်စီးတီးနဲ့ ၄ မှတ်အကွာမှာရှိပါတယ်။ လီဗာပူးလ်အသင်းဟာ ပွဲစဉ် ၂၂ မှာ ဘရိုက်တန်အသင်းကို ၀-၁ဖြင့်အနိုင်ရရှိခဲ့ပြီး နောက်အပါတ်မှာတော့ ခရစ်စတယ်ပဲလေ့ အသင်းကို အိမ်ကွင်း အန်ဖီးလ် မှာယှဉ်ဆိုင်သွားရမှာဖြစ်ပါတယ်။

လီဗာပူလ်းအသင်းဟာ ပရီးမီးယားလိဂ်ဖလား ကို ၁၉၉၀ ခုနှစ်နောက်ပိုင်း လုံးဝမရရှိသေးတာဖြစ်ပါတယ်။


16 Jan 2019     1,736 Views




RELATED

Most Popular of Football

Most Popular of Sport