BEC-TERO TV

ပရိသတ်တွေသဘောကျနေကြတဲ့ တိုင်ရွန်ရဲ့ အခွီတစ်လိုင်း အကဗီဒီယို

16 Jan 2019     1,971 Views


အနုပညာမော်ဒယ်လောကမှာ ရေပန်းစားထင်ရှားသူတစ်ယောက်ဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတစ်ခြမ်းဖြစ်တဲ့ မော်ဒယ်တိုင်ရွန်ကတော့ ခပ်ဖြောင့်ဖြောင့်ရုပ်ရည်နဲ့ ယောကျာ်းပီသတဲ့ သွင်ပြင်နဲ့ပြည့်စုံသူဖြစ်ပါတယ်။

မော်ဒယ်လောကအပြင် သရုပ်ဆောင်နယ်ပယ်မှာပါ နေရာတစ်နေရာရလာပြီဖြစ်တဲ့ မော်ဒယ်တိုင်ရွန်ကတော့ ရုပ်ရှင်ရိုက်၊ ကြေငြာတွေရိုက်ကူးရင်း အနုပညာအလုပ်တွေကို ဆက်တိုင်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံပရိသတ်တွေအတွက် အပျင်းပြေဆော့ထားတဲ့ Tik Tok ဗီဒီယိုတွေကို ဖေ့စ်ဘွတ်ပေါ်ကနေမျှဝေလေ့ရှိသူလည်းဖြစ်ပါတယ်။

ဒီနေ့မှာလဲ အပျော်သဘောနဲ့ မျက်နှာပြောင်ပြီး စနောက်ကထားတဲ့ဗီဒီယိုဖိုင်လေးကို သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာတင်ထားပြီး ကြည့်မိသူတိုင်းကသဘောကျနေရတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။ ကြော်ငြာတစ်ခုရိုက်ကူးရန်လေ့ကျင့်ထားတဲ့ ကကွက်တွေကို အခွီသဘောနဲ့ မျက်နှာပြောင်ကပြထားတဲ့ တိုင်ရွန်ရဲ့ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။


16 Jan 2019     1,971 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment