BEC-TERO TV

ခင်ပွန်းသည်က ဘာ့ကြောင့်ဂေါ်ကြီးလို့ခေါ်ရသလဲဆိုတာကို သက်သေပြလိုက်တဲ့ ရွှေမှုန်ရတီ

17 Jan 2019     1,613 Views


ရုပ်ရှင်သရုပ်ဆောင် ရွှေမှုန်ရတီကတော့ အထူးတလည်ပြောစရာမလိုအောင်ကို သူမရဲ့ခပ်ချေချေပင်ကိုစတိုင်လေးကပဲ ပရိသတ်တွေကိုစတင်ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။ အနုပညာပိုင်းမှာလည်း ထိမိပီပြင်လွန်းတဲ့ သူမရဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ရင်ထဲ အသည်းထဲကနေ တစ်ခဲနက်ဝန်းရံအားပေးခြင်းကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

ပြစ်မျိုးမှဲ့မထင် လှပလွန်းတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ တစ်ခါတစ်ရံ ခပ်မိုက်မိုက်ဖက်ရှင်စတိုင်တွေနဲ့လည်း အမြဲတမ်းဂေါ်နေတတ်သူပဲဖြစ်ပါတယ်။ ရွှေမှုန်ဆိုရင် အမြဲဂေါ်နေတတ်သူလို့တောင် ရေပန်းစားအောင်ဖက်ရှင်တွေနဲ့ပတ်သက်ရင် နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ ရွှေထူးကတောင် ချစ်စနိုးနဲ့ဂေါ်ကြီးလို့ ခေါ်ခံရတဲ့ ရွှေမှုန်တစ်ယောက် မဂေါ်တာအနည်းငယ်ကြာနေပြီကိုတော့ ပရိသတ်တွေသတိထားမိလောက်မှာပါ။ မနေ့ညမှာတော့ ရွှေမှုန်ရတီတစ်ယောက် သူမဟာဘယ်လောက်ထိဂေါ်တဲ့သူဖြစ်ကြောင်းကို ထပ်မံပြသလိုက်ပြန်ပါပြီ။ ခပ်လန်းလန်းဖက်ရှင်စတိုင်နဲ့ ထိထိမိမိကြီးဂေါ်နေတဲ့ ပုံရိပ်တွေကို သူမရဲ့ဖေ့စ်ဘွတ်မှာတင်ထားတာဖြစ်ပြီး “That’s call Shwe Mhone Yati” ဆိုတဲ့ caption လေးပါ တပ်ထားခဲ့တာပဲဖြစ်ပါတယ်။ ခပ်ချေချေမျက်နှာထားနဲ့ အရမ်းတွေဂေါ်နေတဲ့ ဂေါ်ကြီးရွှေမှုန်ရတီရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

 

 


17 Jan 2019     1,613 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment