BEC-TERO TV

မေးခိုင်ရောဂါပိုးအကြောင်းသိကောင်းစရာများ

13 Aug 2015     3,825 Views


မေးခိုင်ရောဂါဟာ မေးခိုင်ပိုးဘက်တီရီးယားကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ထိုဘက်တီးရီးယားပိုးမှာရှိတဲ့ အဆိပ်အတောက်တွေဟာ ဦးနှောက်အာရုံကြောကို ထိခိုက်စေပြီး ၊မေးရိုး ၊လည်ပင်းကြွက်သားနဲ့ အခြားကြွက်သားတွေကို ဆိုးရွားနာကျင်စွာ တောင့်တင်းမှုဖြစ်လာပြီး အသက်ရှူရခက်စေပါတယ်။ 
 
မေးခိုင်ရောဂါဟာ ဖြစ်ပွားလာပြီဆိုရင် ပျောက်ကင်းအောင်ကုသဖို့ ခက်ခဲပါတယ်။ ဒါကြောင့် မေးခိုင်ရောဂါကို ကာကွယ်ရန်မှာ အလွန်အရေးကြီးလှပါတယ်။ ရောဂါလက္ခဏာများဟာ မေးခိုင်ပိုး ခန္ဓာကိုယ်ထဲစဝင်လာတဲ့အချိန်မှစပြီး အပတ်ပေါင်းကြာသည်အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။
 
ဖြစ်ပွားမှုအများဆုံး ရောဂါလက္ခဏာတွေကတော့ မေးရိုးကြွက်သားများ တောင့်တင်းလာခြင်း ၊လည်ပင်းကြွွက်သားများ တောင့်တင်းလာခြင်း ၊ အစာအရည်မျိုရခက်ခြင်း ၊ ဝမ်းဗိုက်ကြွက်သားများ တောင့်တင်းလာခြင်း၊ တစ်ကိုယ်လုံးရှိ ကြွက်သားများ နာကျင်တောင့်တင်းလာခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။ နာကျင်တောင့်တင်းမှုများဟာ စူးရှသော အလင်းရောင် ၊ ကျယ်လောင်သောအသံတို့နှင့် ကြုံတွေ့ရလျှင်ပိုမိုဆိုးရွားစေနိုင်ပါတယ်။
 
ထို့အပြင် ကိုယ်အပူချိန်တက်ခြင်း၊ ဖျားခြင်း ၊ အလွန်အမင်း ချွေးထွက်ခြင်း ၊ ရင်တုန်ခြင်း ၊သွေးပေါင်တက်ခြင်း စတဲ့ရောဂါလက္ခများကို ခံစားရတက်ပါတယ်။နက်သော ဒါဏ်ရာ ၊ညစ်ပက်သော ဒါဏ်ရာ ရရှိခဲ့မယ်ဆိုရင် ဆရာဝန်ဆီသွားပြီး မေးခိုင်ကာကွယ်ဆေး ထိုးသင့်ပါတယ်။ မေးခိုင်ရောဂါ ပိုမိုဖြစ်ပွားစေနိုင်တဲ့ အကြောင်းတွေကတော့ ကာကွယ်ဆေးမထိုးဘူးခြင်း ၊အချိန်မှန်မထိုးခြင်း ၊အနာအတွင်းသို့အမှိုက်အစများ ၊ဖုန်များ ၊သံစများဝင်ခြင်း ၊သံရှခြင်း ၊အနာရောင်ရမ်းမှုများဖြစ်ခြင်းသည် မေးခိုင်ရောဂါကို ပိုမိုပျံပွားစေနိုင်သော အကြောင်းများဖြစ်ပါတယ်။
 
မေးခိုင်ပိုး အဝင်များတဲ့ ဒါဏ်ရာတွေကတော့ သံရှခြင်း ၊တိရိစ္ဆာန်ကိုက်ခံရခြင်း ၊ခြေထောက်အနာများ ၊ အရိုးကျိူးခြင်းမှ ဖြစ်ပေါ်လာသော အရေပြားဒါဏ်ရာများ၊ မသန့်ရှင်းသော ခွဲစိတ်ဒါဏ်ရာများကနေ မေးခိုင်ရောဂါ ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။ မေးခိုင်ရောဂါရဲ့ နောက်ဆက်တွဲလက္ခဏာတွေကတော့ ကြွက်သားများ အလွန်အမင်းတောင်းတင်းလာခြင်းကြောင့် ကျောရိုးနဲ့အကြားအရိုးများကျိုးလွယ်ခြင်း ၊ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာများကို ပျက်ဆီးလွယ်သောကြောင့် ဦးနှောက်ဖွံဖြိုးဆဲကလေးငယ်တွေမှာ ပိုမိုဆိုးရွားစွာ ဦးနှောက်ကို ထိခိုက်ပျက်ဆီးစေတက်ပါတယ်။
 
ထိုမှတဆင့် အသက်ရှူရခက်ခဲခြင်းကြောင့်လဲ အသက်ဆုံးရှုံးစေနိုင်ပါတယ်။ မေးခိုင်ရောဂါကို ကုသရာတွင်အထူးသဖြင့် ရရှိထားသောဒါဏ်ရာကို သေချာစွာ သန့်စင်ဆေးကြောဖို့ လိုအပ်ပါတယ်။ ဒါဏ်ရာတွင် ဝင်နေသော အမှုန်နဲ့ ပုပ်နေသော အသားစတွေကို သေချာဖယ်ထုတ်ဖို့ လိုအပ်ပါတယ်။ မေးခိုင်ပိုးရဲ့အဆိပ်အတောက်ကို ပြန်လည်ချေပနိုင်မယ့် ဆေးတစ်မျိုးကိုလဲထိုးပေးရန် လိုအပ်ပါတယ်။ မေးခိုင်ပိုးကိုသေစေရန် ပိုးသက်ဆေးကို အသုံးပြုရန်လဲ လိုအပ်ပါတယ်။ နောက်ထပ်မဖြစ်ပွားအောင်လဲ မေးခိုင်ကာကွယ်ဆေးထိုးဖို့လဲ လိုအပ်ပါတယ်။ ကြွက်သားတောင့်တင်းမှုဝေဒနာကို လျှော့ပါးစေရန် သက်သာစေရန် အတွက်ဆေးကိုလဲ ဆရာဝန်တွေကပေးပေးပါတယ်။
 
မေးခိုင်ရောဂါဟာ ကုသရန်ခက်ခဲတဲ့အတွက် ကာကွယ်ရန် အလွန်အရေးကြီးပါတယ်။ မေးခိုင်ကာကွယ်ဆေးကို သက်မှတ်ထားတဲ့အချိန်နဲ့အကြိမ်အရေအတွက်အတိုင်း မှန်မှန်ကန်ကန် လုံလောက်စွာထိုးပေးရန် ဒါဏ်ရာရတိုင်း ထပ်မံပြီး မေးခိုင်ကာကွယ်ဆေး ထိုးပေးခြင်း၊ ဒါဏ်ရာရလျှင်သေချာစွာ ဆေးကြောသန့်စင်ပေးခြင်း၊ သန့်စင်သောဆေးများကို ထည့်ပေးခြင်း ၊ ဒါဏ်ရာကို နနွင်းသိပ်ခြင်း အသန့်ရှင်းသောပတ်တီးစ အဝတ်စများပတ်ခြင်းများ လုံးဝမပြုလုပ်ရန် လိုအပ်ပါတယ်။

13 Aug 2015     3,825 Views




RELATED

Most Popular of Health Fix

Most Popular of Life Style