BEC-TERO TV

ဆွဲဆောင်မှုရှိရှိနဲ့ အထာကျကျဟင်းချက်ပြလိုက်တဲ့ နွယ်နွယ်ထွန်း

17 Jan 2019     2,016 Views


အိန်ဂျယ်ရစ်ရစ်လို့ ချစ်စနိုးခေါ်ကြတဲ့ အလန်းစားမော်ဒယ်မလေး နွယ်နွယ်ထွန်းကတော့ ဆွဲဆောင်မှုရှိပြီး Sexy ကျကျလှပတဲ့ သူမရဲ့စွဲမက်ဖွယ်ကောက်ကြောင်းကြောင့် ပုရိဿတွေကြားရေပန်းစားလားတဲ့ မော်ဒယ်မလေးဖြစ်ပါတယ်။ စကားပြောရင် မပီကလာလေးဖြစ်နေတာကလဲ သူမရဲ့ဆွဲဆောင်မှုတစ်ခုပါပင်။

ယောကျာ်းထုကြီးရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းကို ခံထားရတဲ့ မော်ဒယ်နွယ်နွယ်ထွန်းကတော့ ပရိသတ်ကြီးကို ရင်တွေခုန်အောင်လုပ်လိုက်ပြန်ပါပြီ။ ဟင်းချက်တဲ့အစီအစဉ်တစ်ခုကို ရိုက်ကူးခဲ့တဲ့နွယ်နွယ်ထွန်းက ဆွဲဆောင်မှုရှိရှိနဲ့ ဟင်းချက်နေတဲ့ပုံရိပ်တွေကို သူမရဲ့ဖေ့စ်ဘွတ်ကနေ မျှဝေထားတာပဲဖြစ်ပါတယ်။ “အထာကျကျ ဟင်းချက်ကြမယ်၊ မကြာခင်အဆဲခံရတော့မယ့် ဂြိုလ်သူမ” ဆိုပြီး Caption လေးကိုပါ စနောက်ရေးသားထားခဲ့ပါတယ်။

ရင်တွေခုန်သွားအောင် ဆွဲဆောင်မှုရှိရှိနဲ့ ဟင်းချက်ပြနေတဲ့ မော်ဒယ်မလေးနွယ်နွယ်ထွန်းရဲ့ ပုံရိပ်တွေကိုတင်ဆက်ပေးလိုက်ပါတယ်။

 

 


17 Jan 2019     2,016 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment