BEC-TERO TV

ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သောအဆီဓာတ် Fatty Acids အကြောင်း

13 Aug 2015     1,614 Views


အဆီဟာ ခန္ဓာကိုယ်အတွက်အရေးကြီး၍ အရေးပါသော အချက်တစ်ချက်ဖြစ်ပါတယ်။ခန္ဓာထဲရှိဆဲများဖွဲ့စည်းမှုတွင်ဆီဟာ အဓိကနေရာမှာပါဝင်နေပါတယ်။အဆီသည် စွမ်းအင်အမြင့်ဆုံးပေးနိုင်တဲ့အုပ်စု တစ်ခု ဖြစ်ပါတယ်။အဆီသည် ကဆီဓာတ်၊ အသားဓာတ်တို့ထက်ပို၍စွမ်းအင်၂စပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တနေ့တာ လှုပ်ရှားသွားလာဖို့အတွက် စွမ်းအင်ကို သုံးစွဲပေးဖို့အတွက်လောင်စာအဖြစ်အဆီကို လိုအပ်နေပါတယ်။
 
အဆီ အက်စစ် ဓါတ်ကို ပြည့်ဝသော အဆီဓာတ်နှင့် မပြည့်ဝသော အဆီဓာတ် ဆိုပြီးနှစ်မျိုးနှစ်စားခွဲထားပါတယ်။ပြည့်ဝသော အဆီဓာတ်ဟာ ခန္ဓာကိုယ်တွင် သွေးတွင်းရှိ ကိုလက်စရောကိုများပြားစေပြီးကျန်းမာရေးကိုအထောက်အကူမပြုပါဘူး။ပြည့်ဝသော အဆီဓာတ်ကို တိရိစ္ဆာန်အဆီများတွင်အများဆုံးတွေ့ရပါတယ်။မပြည့်ဝသော အဆီဓာတ်ကတော့ သွေးတွင်း ကိုလက်စရောဓာတ်ကိုကျစေပြီးကျန်းမာစေပါတယ်။ OMEGA 3 ကတော့အကျိုးအရှိဆုံးဖြစ်ပါတယ်။
 
ထိုအဆီဓာတ်ဟာ နှလုံးရောဂါဖြစ်ခြင်းနှင့် လေဖြတ်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။အရိုးအဆစ်ရောင်ရမ်းခြင်းကိုလျှော့ချပေးခြင်း ၊ခေါင်းကိုက်ခြင်း ၊ခန္ဓာကိုယ်ခုခံအားစနစ်ကိုထောက်ပံပေးခြင်း တို့ကို ထောက်ပံ့ပေးပါတယ်။ OMEGA 6 ကတော့နှလုံးရောဂါဖြစ်ခြင်းကိုကာကွယ်ပေးခြင်း ၊သွေးတိုးဖြစ်ခြင်း ၊ ကင်ဆာရောဂါဖြစ်ခြင်းမှကာကွယ်ပေးခြင်း ၊ဦးနှောက်မှတ်ဉာဏ် ဆုံးရှုံးခြင်းမှ ကာကွယ်ပေးခြင်းလျှော့ပါးစေခြင်းဖြင့်အထောက်အကူပြုပါတယ်။OMEGA 9 ကတော့ သွေးတွင်းရှိကိုလက်စရော ပမာဏ ကို လျှော့ချပေးခြင်းအားဖြင့် နှလုံးနှင့်သွေးကြောများကို ကျန်းမာစေပါတယ်။
 
ငါးကို ပုံမှန်စားသုံးခြင်းဟာလဲ သွေးတိုးခြင်း ၊နှလုံးရောဂါဖြစ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ခြင်းတို့မှလဲကာကွယ်ပေးပါတယ်။လေ့လာတွေ့ရှိချက်တွေအရ OMEGA 3 ထဲက အဆီဓာတ်သည် ဦးနှောက်ဧ၊်မှတ်ဉာဏ်နှင့် သင်ယူလေ့လာမှုကိုအားကောင်းစေခြင်း ၊ အဆစ်အမြစ်ရောင်ရမ်းခြင်း ၊အရေပြားရောဂါရောင်ရမ်းခြင်းမှလဲလျှော့ချပေးခြင်း ၊စိတ်ဖိစီးမှုများကိုလဲလျှော့ချပေးခြင်း အကျိုးများစွာရှိပါတယ်။ထို့ကြောင့် ငါးကို တစ်ပတ်မှာ အနည်းဆုံး ၂ကြိမ်မှ ၃ကြိမ်အထိစားပေးခြင်းဟာ ကျန်းမာရေးအတွက်အလွန်အထောက်အကူပြုပါတယ်။

13 Aug 2015     1,614 Views




RELATED

Most Popular of Health Fix

Most Popular of Life Style