BEC-TERO TV

စာရေးဆရာမဂျူးရဲ့ ‘ကြာတော့သည်လည်းမောင့်စကား’ ဝတ္ထုကိုမကြာခင်ရုံတင်ပြသတော့မည်

18 Jan 2019     4,212 Views


အချစ်ဝတ္ထုတွေ၊ ရသစာပေဝတ္ထုတွေရေးတဲ့နေရာမှာ အောင်မြင်ကျော်ကြားလှတဲ့ စာရေးဆရာမဂျူး ဆိုတာနဲ့ သူရေးတဲ့ဇာတ်ကောင်၊ သူရေးတဲ့ ဝတ္ထုတွေကိုတန်းမြင်မိ လိမ့်မယ်ထင်ပါတယ်။ ဆရာမရေးသားတဲ့ ဝတ္ထုတွေဟာ အနှစ်သာရပြည့်ဝပြီး သုတ၊ ရသမျိုးစုံကိုပေးနိုင်တာကြောင့် မပေါက်တဲ့ စာအုပ်၊ နာမည်မကြီးတဲ့ ဇာတ်လမ်းတွေဆိုတာ မရှိသလောက်ပါပဲ။


‘ကြာတော့သည်လည်းမောင့်စကား’ ဝတ္ထုစာအုပ်ဟာဆိုရင် ဆရာမ ဂျူးရဲ့ ဝတ္ထုတွေထဲက နာမည်ကြီးတဲ့စာအုပ်တစ်အုပ်ဆိုလဲမမှားပါဘူး။ အခုလက်ရှိမှာတော့ အဆိုပါဝတ္ထုကို ရုပ်ရှင်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးထားပြီးပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇာတ်ညွှန်းမိုးနီလွင်က ပြန်လည်ရေးသားပြီး ဒါရိုက်တာ မီးပွားကရိုက်ကူးတာပဲဖြစ်ပါတယ်။


‘ကြာတော့သည်လည်း မောင့်စကား’ ရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ တင်တင်ဇော်၊ ဖြိုးကျော်နဲ့ နန္ဒ တို့အဖြစ် ဖွေးဖွေး၊ ထွန်းထွန်းနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။


 

ဒီရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့သိရပါတယ်။ ဆရာမဂျူးရဲ့ ဝတ္ထုကို ကြိုက်နှစ်သက် သဘောကျတဲ့သူတွေအတွက်တော့ ဒီရုပ်ရှင်မှာ ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲ ဆိုတာစိတ်ဝင်စားစရာပါပဲ။ ပရိတ်သတ်ကြီးလဲ ဖွေးဖွေး၊ ထွန်းထွန်းနဲ့ စိုင်းစိုင်းတို့ရဲ့ သရုပ်ဆောင်ပုံတွေကို စောင့်စားနေတယ်ဆိုရင် like &share လုပ်ဖို့လဲမမေ့နဲ့ ဦးနော်။




18 Jan 2019     4,212 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS