BEC-TERO TV

ရာသီကုန်အထိ အနားယူရနိုင်တဲ့ အာဆင်နယ်စတား ဘယ်လာရင်

21 Jan 2019     1,822 Views


အာဆင်နယ် ညာနောက်ခံလူ ဘယ်လာရင် ဟာ ချလ်ဆီးအသင်းနှင့်ပွဲစဉ်မှာ အကင်းမသေ သေးတဲ့ ဒဏ်ရာက နောက်တစ်ကြိမ် ဒဏ်ရာ ရရှိသွားတာကြောင့် ရာသီအကုန်ထိအနားယူရနိုင်တယ်လို့ သိရပါတယ်။

မကြာသေးခင်မှ ဒဏ်ရာပြသာနာမှ ပြန်လာတဲ့ ဘယ်လာရင်ဟာ ချလ်ဆီး အသင်းကို အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ထပ်မံ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရနိုင်ပါတယ်။ အနားယူရမဲ့ ရက်အတိအကျကို မသိရသေးဘဲ ဆေးစစ်မှု ပြီးမှ အသင်းအတိအကျ ထွက်လာမှာဖြစ်ပါတယ်။

နည်းပြ အူနိုင်း အမ်မရီ ကတော့ “အခြေအနေအတိအကျတော့ မသိသေးပါဘူး။ Scan ထွက်ပြီးမှ သိပါမယ်။ လတ်တစ်လော အခြေအနေတော့ မကောင်းဘူးလို့ ” လို့ သတင်းထောက်တွေကို ပြောဆို သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အားကိုးအားထားပြုရတဲ့ ကစားသမားတစ်ယောက် ဆုံးရှုံးရမှာကြောင့် အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတစ်ရပ် ဖြစ်ပါတယ်။

 

 

 


21 Jan 2019     1,822 Views




RELATED

Most Popular of Football

Most Popular of Sport