BEC-TERO TV

ချစ်သူကို စနိုက်လာကြော်တဲ့သူကို ပြင်းထန်စွာသတိပေးလိုက်တဲ့ ဟန်လင်း

21 Jan 2019     1,843 Views


ယခုနောက်ပိုင်း Make up artist တွေထဲမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ နာမည်ကြီးရေပန်းစားလာသူဖြစ်တဲ့ မိတ်ကပ်မေဦးကတော့ အားလုံးရဲ့ လက်ခံအားပေးမှုနဲ့အချစ်တွေကို ရရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် ချစ်သူဖြစ်သူ ဟန်လင်းနဲ့အတူ အများကအားကျချင်စရာကောင်းတဲ့ Relationship တစ်ခုကိုတည်ဆောက်ထားသူတွေလည်း ဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် နားလည်မှု၊ ယုံကြည်မှုတွေ၊ ခိုင်မာတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားကာ ယခုဆိုရင် ချစ်သူသက်တမ်း (၂) နှစ်ကျော်ရှိနေပြီပဲဖြစ်ပါတယ်။ LGBT စုံတွဲလေးဖြစ်တဲ့ ဟန်လင်းနဲ့မေဦးကိုတော့ မိသားစုအသိုင်းအ၀ိုင်းတွေကသာမက ပရိသတ်တွေကပါ နားလည်လက်ခံပေးထားတဲ့ ချစ်စရာစုံတွဲလေးဖြစ်ပါတယ်။

(၂) နှစ်ကျော်ကြာတည်ဆောက်ထားတဲ့ Relationship တစ်ခုကိုဖျက်စီးချင်နေတဲ့ စနိုက်ကြော်တစ်ဦးရှိလာတာကြောင့် ဒေါသတွေပေါက်ကွဲကာ ဟန်လင်းတစ်ယေက် ဖေ့စ်ဘွတ်ပေါ်ကနေ ပြင်းထန်တဲ့သတိပေးချက်ကို ရေးသားလိုက်တာပဲဖြစ်ပါတယ်။ ချစ်သူဖြစ်သူကို မေဦးကိုစနိုက်ကြော်ချင်နေတဲ့သူကို “စ နိုက် ကျော် ရ တဲ့ ကြိုက် တဲ့ ဘာ ဖြစ် ချင် လို့ ဖြစ် ချင် မှန်း မ သိ တဲ့ ဟို တစ် ယောက် နောက် ဆုံး သိ ထား ရ မှာ က ငါ့ ခြံ က အ မြင့် ကြီး ခတ် ထား ရုံ မ က သံ ဆူး ကြိုး တွေ ပါ ခတ် ထား လို့ ခြံ ထဲ က လူ လည်း ခြံ ခုံ လို့ မ ရ သ လို လာ လည်း နိုက် လို့ မ ရ ဘူး ...” ဆိုပြီး ခိုင်မာစွာတည်ဆောက်ထားတဲ့ Relationship မို့ လွယ်လွယ်နဲ့ စနိုက်လုပ်လို့မရဘူးလို့ သတိပေးလိုက်တာပဲဖြစ်ပါတယ်။

 

 

 


21 Jan 2019     1,843 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment