BEC-TERO TV

ခပ်လန်းလန်းကကွက်တွေနဲ့ အခွီတစ်လိုင်းဖြစ်အောင် ကပြထားတဲ့ စူးရှထက်ရဲ့ဗီဒီယို

21 Jan 2019     1,866 Views


နာကျင်ခဲ့တဲ့အတိတ်တွေကို မေ့ဖျောက်ကာ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေပြီဖြစ်တဲ့ ဘေဘီမွစိ ခေါ် မော်ဒယ်စူးရှထက်ကတော့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။ အားပေးသူပရိသတ်တွေ အများအပြားရရှိထားပြီဖြစ်တဲ့ စူးရှထက်ကတော့ ဓာတ်ပုံတွေ၊ ကြော်ငြာရိုက်ကူးမှုတွေအပြင် သီချင်း MV တွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် ရင်ဖိုအောင်ဆွဲဆောင်မှုရှိလွန်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုင်ဆိုင်ထားကာ အမိုက်စားပုံရိပ်တွေနဲ့ ဖမ်းစားနိုင်သူဖြစ်တာကြောင့် ၀န်းရံနေတဲ့ ယောကျာ်းထုကြီးကလဲ အများသားပါ။ ယခုနောက်ပိုင်း အပျော်သဘောနဲ့ Tik Tok ဗီဒီယိုလေးတွေဆော့ရင်း ပရိသတ်ရဲ့အချစ်တွေကိုတိုးလို့ရယူနေတဲ့ စူးရှထက်တစ်ယောက် သူမရဲ့သူငယ်ချင်းနဲ့အတူ ခပ်လန်းလန်းကပြထားတဲ့ ဗီဒီယိုလေးကို မျှဝေထားတာကိုတွေ့ရပါတယ်။

အခွီပုံစံလေးဖြစ်အောင် ခပ်မိုက်မိုက်ကကွက်တွေနဲ့ စူးရှထက်တို့သူငယ်ချင်းနှစ်ယောက် အတိုင်ဖောက်ညီညီကပြထားတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။


21 Jan 2019     1,866 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment