BEC-TERO TV

လီဂါနက် အသင်းကို အနိုင်ရရှိတဲ့ ပွဲစဉ်မှာ အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့ ဆွာရက် သွင်းဂိုး

21 Jan 2019     1,372 Views


မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာတော့ ဘာစီလိုနာ အသင်းဟာ အိမ်ကွင်းမှာ လီဂါနက် အသင်းကို ၃-၁ ရလာဒ်နဲ့ အနိုင်ယူပြီး ၊ ဒုတိယ နေရာက အေတီကို အသင်းကို ၅ မှတ် ပြန်ဖြတ်လိုက်ကာ အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် သွားခဲ့ပါတယ်။

သို့သော်လဲ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဆွာရက်ရဲ့ သွင်းဂိုး နဲ့ ပတ်သက်ပြီးတော့ အခုချိန်ထိ အငြင်းပွားမှုတွေ ဆက်တိုက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

ဆွာရက်ဟာ ပွဲချိန်  ၇၁ မိနစ် မှာ ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို သွင်းယူ ပေးခဲ့စဉ် က လီဂါနက် အသင်းရဲ့ ဂိုးသမား ကူရယ်လာ ကို တိုက်မိသလို ဖြစ်ပွားပြီး ၊ ဂိုး ရယူခဲ့တာကြောင့် အငြင်းပွားမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာပါ။

ကူရယ်လာဟာ မက်ဆီရဲ့ အဝေးကန်ချက်ကို ပုတ်ထုတ်လိုက်စဉ် ၊ ဆွာရက်က ပြေးဝင်လာခဲ့ပြီး ၊ ပြန်လည် ကျွံထွက်လာခဲ့တဲ့ ဘောလုံးကို ခြေထောက်နဲ့ လှမ်းထိုးပြီး သွင်းယူသွားခဲ့ရာ ကနေ ဂိုးသမား ကူရယ်လာက လဲကျသွားခဲ့တာမို့ လီဗန်တေး ကစားသမားတွေက ချက်ခြင်းဆိုသလို ၊ ဒိုင်လူကြီးကို စောဒက ၀ိုင်းတက်ခဲ့ကြပါတယ်။

ဒိုင်လူကြီးကတော့ VAR ကနေ တဆင့် ပြန်လည် သုံးသပ်ခဲ့ပြီး ၊ အဆုံးမှာ အဲဒီ ဂိုးကို ခွင့်ပြုသွားခဲ့ ပါတယ်။

 

 


21 Jan 2019     1,372 Views




RELATED

Most Popular of Football

Most Popular of Sport