ရလဒ်ဆိုးတွေကနေ ဆွဲတင်နိင်ဖို့ နည်းပြသစ်ခန့်အပ်ခဲ့တဲ့ ဟက်ဒါဖီလ်း အသင်း
22 Jan 2019 1,561 Views

ပြီးခဲ့တဲ့ ရက်ပိုင်းက နည်းပြ ဒေးဗစ်ဝက်ဂ်နာ နဲ့လမ်းခွဲခဲ့တဲ့ ဟက်ဒါဖီးလ် အသင်းဟာ လစ်လပ်နေတဲ့ နည်းပြနေရာကို နည်းပြသစ် တစ်ဦး ခန့်အပ်ခဲ့တယ်လို့သိရပါတယ်။
ဝက်ဂ်နာဟာ ဟက်ဒါဖီးလ် အသင်းကို ၂၀၁၅ ခုနှစ်နိုဝင်ဘာလမှ စတင်ကိုင်တွယ်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် သို့ တန်းတတ်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။
.jpg)
ဒီရာသီမှာ ရလဒ်ဆိုးတွေကြုံတွေနေတဲ့ ဟက်ဒါဖီးလ် အသင်းဟာ ပရီးမီးယားလိဂ် ရဲ့ အဆင့် အောက်ဆုံး အဆင့် ၂၀ မှာ ရောက်ရှိနေပါတယ်။ ဒါကြောင့်ဲ့ ဟက်ဒါဖီးလ် အသင်းက နည်းပြ ဝက်ဂ်နာကို ထုတ်ပယ်ခဲ့ပြီး ဂျာမန်လူမျိုး ဂျန်ဆိုင်းဝက် ကို ၂ နှစ်ခွဲစာချုပ်နဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
သူဟာ ဂျာမန်စတုတ္တတန်းကလပ် ရော့တ်ဝတ်စ်အက်ဆန်အသင်း၊ ဘိုချမ်ယူ-၁၉အသင်းနဲ့ ဒေါ့မွန် (B) အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်တယ်လို့လည်း သိရပါတယ်။
.jpg)
အသင် ၃၆ နှစ်ရှိတဲ့ ဂျက်ဆိုင်းဝက်ဟာ နာမည်ကြီး နည်းပြမဟုတ်သော်လည်း .ဟက်ဒါဖီးလ် အသင်းကို တန်းဆင်းဇုံကနေ ဆွဲတင်သွားနိုင်မယ်လို့ ယုံကြည်တာကြောင့် ခန့်အပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။






