BEC-TERO TV

လုပ်အားခမပေးလို့ ဟိုတယ်ကို မြေတူးစက်နဲ့ မွှေနှောက်ဖျက်ဆီး (ရုပ်သံ)

22 Jan 2019     2,026 Views


မြေတူးစက်မောင်းသမားတစ်ဦးက လုပ်အားခ မရရှိသည့်အတွက် ဒေါသဖြစ်ကာ အသစ်ဆောက်ပြီးကာစ ဟိုတယ်တစ်လုံး၏ မျက်နှာစာဝင်ပေါက်ကို မြေတူးစက်ဖြင့် ဖြိုချဖျက်ဆီးခဲ့မှုတစ်ခု ဇန်နဝါရီ ၂၁ ရက်နေ့က လီဗာပူးမြို့တွင် ဖြစ်ပွားခဲ့သည်။
 
 
ညနေ ၃ နာရီအချိန်ခန့်က လီဗာပူ အင်နိုဗေးရှင်းပတ်ခ် တွင် တည်ရှိသော ဟိုတယ်ကို မြေတူးစက်ဖြင့် ဝင်ရောက်ခဲ့ပြီး စက်လက်တံများနဲ့ ဟိုတယ်ရဲ့ မျက်နှာစာ ဝင်ပေါက်ကို ဖျက်ဆီးပြီး အတွင်းထဲသို့ မောင်းဝင်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်ကြောင့် လူတစ်ဦး ဒဏ်ရာရရှိပြီး မြေတူးစက်မောင်းသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။
 
 
အဆိုပါဟိုတယ်အသစ်ဟာ Travelodge ဝဘ်ဆိုက်တွင် မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကြေညာထားသော်လည်း ယခုလိုဖျက်ဆီးခံရမှုကြောင့် ဖွင့်ရန် နှောင့်နှေးကြန့်ကြာဦးမည်ဖြစ်သည်။
 

22 Jan 2019     2,026 Views




RELATED

Most Popular of Special or Others

Most Popular of NEWS