မင်္ဂလာဒုံမြို့နယ်တွင် ကိုရင်ကြီးနဲ့ ကပ္ပိယရန်ဖြစ်ရာမှ ကပ္ပိယသေဆုံး
23 Jan 2019 1,633 Views

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာအုပ်စု ပေါင်းကူးညာဏရပ်ကွက် မနောသုခလမ်းရှိ နန္ဒိယာရာမဘုန်းကြီးကျောင်းတွင် ဇန်နဝါရီလ ၂၂ ရက် ည ၁၀ နာရီအချိန်ခန့်က ကျောင်းဝင်းအတွင်းနေထိုင်သူ ကပ္ပိယနှင့် ကိုရင်ကြီးတို့ စကားများရန်ဖြစ်ရာမှ ကိုရင်ကြီး၏ ရိုက်နှက်မှုကြောင့် ကပ္ပိယဖြစ်သူ နေရာတွင် သေဆုံးသွားခဲ့သည်။




ဖြစ်စဉ်အား သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ကြားခဲ့ပြီး သေဆုံးသူအား ပုလဲအရန်မီးသတ်တပ်ဖွဲ့များ၏ အကူအညီဖြင့် အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ထွက်ပြေးတိမ်းရှောင်သွားသော ကိုရင်းကြီးအား ရဲတပ်ဖွဲ့မှ ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။သည်။ ထွက်ပြေးတိမ်းရှောင်သွားသော ကိုရင်းကြီးအား ရဲတပ်ဖွဲ့မှ ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။







